Chapter.49(U&Z)

836 165 2
                                    

Unicode.

ဆိုင်ရှင်က သူ့ရဲ့လက်ညှိုး၊လက်မတို့နဲ့ကိုင်ထားတဲ့အရာကို ငါ့ကိုကိုင်ကြည့်ဖို့အကြံပြုလာခဲ့တယ်၊ဒီလိုကလေးကစားစရာအရုပ်နဲ့တူတဲ့ဟာလေးက ဓားအဖြစ်ပြောင်းလို့ရတယ်ဆိုတာကို ငါမယုံနိုင်သေးဘူး၊သံသယဖြစ်နေတဲ့အကြည့်တွေနဲ့ သူ့ကိုမေးလိုက်တယ်၊

'' ဒါဆို...ဒီဟာကိုမှော်အစွမ်းမရှိတဲ့သူတွေက သုံးလို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးလား ''

'' အချိန်အတော်ကြာလေ့ကျင့်ခဲ့တဲ့ သူရဲကောင်းတွေက နည်းနည်းချင်းဆီ manaတွေဖွဲ့စည်းနိုင်ဖို့ ဦးတည်ချက်ထားကြတယ်၊ပြောရရင် သူတိ့ုကမှော်ဓားကိုမသုံးနိုင်ကြဘူး ''

'' ဟမ် ''

.သူအများကြီးမသိဘူးဆိုတာကို သိသာအောင်လုပ်နေခဲ့တယ်၊ငါချောင်းတစ်ချက်ဟန့်ပြီး တခြားအကြောင်းရာတစ်ခုဆီပြောင်းလဲလိုက်တယ်၊

'' Ecliseမှာမှော်အစွမ်းရှိမရှိ ငါမသိဘူး ''

'' စိတ်မပးပါနဲ့သခင်မလေး... ကျနော်မြို့တော်မှာလက်နက်တွေရောင်းနေတာ ဆယ်စုနှစ်တစ်စုလောက်ရှိနေပြီ၊ကျနော် သခင်မလေးကိုအသေအချာပြောရဲတယ်...အဲ့ကျွန်... ''

သူကစကားပြောရင်း မရိုးသားတဲ့အမူအယာဖြစ်နေပေမဲ့ ငါ့မျက်လုံးရဲ့အကြာ့်တစ်ချင်ကြောင့် သူ့ရဲ့စကားကိုအလျှင်စလိုပြောင်းလဲလိုက်တယ်၊

'' မဟုတ်ပါဘူး...ဒါပေမဲ့ အစောင့်ရှောက်ရဲ့ဝိဉာဥ်ကအတော်လေးကောင်းတယ်၊ကျနော်ရောင်းဝယ်ဖို့ပြေးလွှားနေတာနှစ်သုံးဆယ်ရှိနေပြီ၊ဒါပေမဲ့ ကျနော်မြင်ဖူးသမျှထဲကတစ်စုံတစ်ယောက်မှာ ဒီလိုကြောက်မက်ဖွယ်အရှိန်အဝါတွေထွက်လာတာကိုမယုံကြည်နိုင်ဘူး ''

'' တကယ်လား... ''

'' ဟုတ်ပါတယ်၊အသေအချာပဲ... ''

သူကဓားသခင်ဖြစ်လာမှာဆိုပြီး ငါကြွားချင်တာတရွရွဖြစ်နေပေမဲ့ ပြန်ထိန်းထားလိူက်တယ်၊

'' တကယ်တော့...ဒီဓားကအရမ်းကိုရှားပါးပြီး မှောင်ခိုစျေးကွက်မှာ အရမ်းကိုစျေးမြင့်လို့နာမည်ကြီးတဲ့ဟာပဲ၊ ဒါပေမဲ့ အဲ့ဓားကအရမ်းစျေးကြီးပြီး သူရဲကောင်းတွေက များသောအားဖြင့် လှပတဲ့ဓားတွေကိုအရင်ရှာကြတယ်လေ... ''

DITOEFVWhere stories live. Discover now