Chapter.13

1.2K 180 1
                                    

ဝတ်စုံကိုတစ်ဖက်မရင်းဆင်းဖို့ပြင်နေတဲ့ ငါ့ရဲ့ရေှ့ကို Derrickကလက်တစ်ဖက်ကမ်းလာခဲ့တယ်၊

'နင်ဘာမှားစားလာတာလဲ…'​

ငါ့ရဲ့တွဲဖက်လိုပြုမူနေတဲ့ Derrickကိုမျက်လုံးကြီးပြူးပြီးကြောင်ကြည့်နေမိတယ်၊ သိပ်မကြာဘူး၊ သူပါမျက်မေှာင်ကြုတ်ပြီးပြန်ကြည့်လာတယ်

"မင်းဘာလုပ်နေတာလဲ၊ အောက်မဆင်းတော့ဘူးလား..."​

အနားကမိျုးရိုးမြင့်တေွကပါ​ ဟိုဟိုဒီဒီစပ်စုကြ့်လာကြတယ်၊ ငါလည်းမြန်မြန်ဘဲ​သူ့ရဲ့လက်ကိုကိုင်ပြီးဆင်းလာလိုက်တယ်၊
သူ့ကိုတွဲရင်းနဲ့ဘဲ ကပွဲခမ်းမရှိရာကိုလေှကားထစ်တေွအတိုင်းတက်လာခဲ့တယ်၊

"သခင်လေး​Derrick Eckart​နဲ့​
သခင်မလေး Penelope Eckart​တို့ရောက်ရှိလာပါပြီ"

အစေခံရဲ့အသံကျယ်ကြီးနှင့်အတူ​ပင်မတံခါးမကပါဝုန်းခနဲပွင့်သွားတော့တယ်…

"မဆင်မခြင်မလုပ်နဲ့…"

Derrickရဲ့အေးစက်စက်အသံကပါနားထဲရောက်လာပြန်တယ်၊

"မင်းမမေ့လိုက်နဲ့ မင်းရဲ့စောင့်ကြည့်ခံကာလကမနေ့ကမှပြီးသွားတာ၊ "

"……….... "

"​မင်းနောက်ထပ်ပြသနာသာလုပ်ကြည့်လိုက်၊ ဒီတစ်ခါတော့မင်းကိုစောင့်ကြည့်တာလောက်နဲ့ပြီးသွားမှာမဟုတ်ဘူး…"

ငါ့ရဲ့စိတ်လှုပ်ရှားမှုတေွက​သူ့ရဲ့စကားလုံးတေွကြားမှာပျောက်သွားတော့တယ်၊
ငါDerrickကိုပြန်ပြီးရန်တေွ့လိုက်ချင်ပေမဲ့လည်း၊ စိတ်ကိုထိန်းထားလိုက်ရတယ်၊

"စိ်တ်ချပါ၊ ကျမဂရုစိုက်ပါ့မယ်…"

စကားပြောရင်း ပြံုးဖို့အတွက်အားထုတ်လိုက်ရတယ်၊ ငါပြန်ဖြေပြီးတာနဲ့ Derrickကသူ့မျက်နှာကို​ ငါနဲ့ဝေးတဲ့ဘက်ကိုချက်ချင်းလှည့်လိုက်တယ်၊

'ကျစ်'

နန်းတော်မှာကျင်းပတဲ့ ပါတီပွဲကအရမ်းကိုအဆင်ပြေနေလွန်းတယ်၊ ပြောရရင်​ ပျင်းစရာကြီး၊
ငါတို့ရောက်ပြီးခဏမှာဘဲ Derrickကငါ့ဘေးကနေထွက်သွားပြီး သူ့ကိုလာနှုတ်ဆက်တဲ့လူတေွနဲ့ အလုပ်ရှုပ်နေတော့တယ်၊

DITOEFVWhere stories live. Discover now