Chapter.53(U&Z)

788 156 6
                                    

Unicode.

ငါပါးစပ်ကိုအကျယ်ကြီးဟမိသွားတယ်၊သူဘာတွေပြောနေတာလဲ... Dukeရဲ့အသံကလူတွေကို ပစ်ခွင့်ပါမစ်ပေးတာနဲ့တူနေတယ်နော်၊

'' အမ်...အဖေ...ဘာကိုဆိုလိုတာလဲဟင် ''

ငါဂရုတစိုက်နဲ့ နားမလည်သလိုမေးလိုက်တယ်၊အဲ့နောက် ဒေါင်းကြီးကအသံကျယ်ကျယ်နဲ့ အော်ပြောလာတော့တယ်၊

'' ကျစ်... သူများတွေရှေ့မှာမြင်းတစ်ကောင်လို့ အိန္ဒြေမရလုပ်မနေနဲ့လို့... ''

'' ....... ''

'' သူတို့မူးမေ့သွားတဲ့အခါ မှတ်ဉာဏ်တွေပျောက်သွားလိမ့်မယ် အဲ့တာကြောင့်တစ်ယောက်ယောက်က မင်းသူတို့ကိုပစ်ပါတယ်လို့ မပြောခင်အဲ့နေရာကနေဒီတိုင်းထွက်လာခဲ့လိုက်၊သဘောပေါက်လား ''

သူကမတော်တဆမှုတွေထဲရောက်သွားတတ်တဲ့ မရင့်ကျက်သေးတဲ့သူ့သမီးကိုဖြေသိမ့်ချင်နေတဲ့ပုံပဲ၊

' ငါကတနှစ်လောက်ပိတ်ပင်ခံထားရတယ်လို့ကြားတယ် အဲ့တာက ငါဒူးလေးနဲ့ပစ်ပြီးလူသတ်ခဲ့တာကြောင့်လား  '

ဒါပေမဲ့ သူကငါ့ကိုမလုပ်ဖို့မတားဘဲနဲ့ မူးမေ့စေတဲ့ပုတီးစေ့တွေနဲ့လဲလိုက်ပြီး လူတွေရဲ့မှတ်ဉာဏ်တွေပျောက်သွားအောင်မှော်အစွမ်းပါထည့်လိုက်တာလား၊

' အိုးမိုင်ဂေါ့ Dukeအစွမ်းအ့ံမခမ်းပါပဲ '

ဒါမှမဟုတ် သူတောင်မထိန်းနိုင်လောက်တဲ့အ​​ေန
ထားထိPenelopeကရောက်သွားလို့ထင်တယ်၊အဲ့တာကောင်းတာပဲ၊

'' မင်းဘာလို့ပြန်မဖြေတာလဲ ''

Dukeကတိတ်ဆိတ်ပြီး မရေမရာဖြစ်နေတဲ့ငါ့ကိုတည့်တည့်ကြည့်လာခဲ့တယ်၊

'' အာ...ဟုတ်ကဲ့ ''

ငါတွေဝေရင်းနဲ့ ပြန်ဖြေလိုက်တယ်၊

ငါသည်းခံ​ပြီးလူတွေကိုမထိခိုက်စေဘဲငြိမ်ငြိမ်လေးနေပါ့မယ်လို့  မပြောနိုင်ဘူး၊ငါရှောင်ချင်တဲ့ အမဲလိုက်ပွဲပါဝင်ခွင့်ကအတည်ပြုပြီးသွားပြီ၊

'' ဟုတ်ကဲ့ပါအဖေ ကျမသေချာသုံးပါ့မယ် ''

'' အဟမ်း..မင်းသဘောပေါက်ရင်ရပြီ ''

DITOEFVWhere stories live. Discover now