Chapter.27(U&Z)

1K 171 7
                                    

***Zawgyi

တိတ်ဆိတ်နေ...

အိမ်ရှေ့စံဆိုတဲ့စကားလုံးက စံအိမ်အတွင်းမှာပြောဖို့ပိတ်ပင်ခံရလုနီးပါးဖြစ်ခဲ့တယ်၊
ငါ့ကိုချက်ချင်းသတ်ပစ်နိုင်တဲ့ အဲ့ဒီ့နီရဲနေတဲ့မျက်လုံးတွေ
ငါ့ရဲ့လည်ပင်းကသက်သာနေပြီဆိုပေမဲ့ သူ့အကြောင်းကိုစဉ်းစားရုံနဲ့တင် ပြန်ပြီးနာကျင်လာတယ်...

ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ နန်းတော်ကဖိတ်ကြားချက်တွေကိုငြင်းပယ်လို့မရဘူး...

ငါ့ရဲ့လက်တွေကိုဆုပ်လိုက်တာနဲ့အဲ့တာကစပြီးတုန်ယင်လာခဲ့တယ်...

''ဒါနဲ့ပတ်သတ်ပြီးအဖေကဘာပြောလဲ....''

''အဲ့တာက...''

အိမ်တော်ထိန်းကတုန့်ဆိုင်းနေခဲ့တယ်...

''အဲ့ဒါက သခင်မလေးဆီကိုဘဲလာတာပါ...သခင်မလေးPenelope...ဒီကဘယ်သူ့ဆီကိုမှဖိတ်ကြားလွှာမရောက်လာပါဘူးဒါပေမဲ့ သခင်မလေး...ဒါ့အပြင်ဒီကိစ္စကိုသခင်ကြီးမသိသေးပါဘူး...''

''ချီးပဲ...''

ကျစ်~~အဲ့တာကငါ့ကိုစိတ်အနှောင့်ယှက်မဖြစ်စေဘူးလို့တောင် ဟန်မဆောင်နိုင်တော့ဘဲ စားပွဲကိုရိုက်ချပြီး ထရပ်လိုက်တယ်၊

''သခင်မလေး...''

Emilyရောအိမ်တော်ထိန်းကပါ ဖိတ်ကြားလွှာဆီကနေ ငါ့ကိုေကြာက်လန့်တကြားကြည့်လာခဲ့တယ်၊
ဒါပေမဲ့ဒီအချိန်မှာငါသူတို့ရဲ့အကြညိ့တွေကို စိတ်ထဲထားမနိုင်ခဲ့ဘူး...

'သူ့စိတ်တွေလုံးဝလွတ်သွားပြီဘဲ...အဲ့ခွေးကောင်...Gameကငါ့ကိုပြတာထက်ကိုပိုရူးနေတဲ့ကောင်ဘဲ'

အဲ့ခွေးကောင်ကငါ့အကြောင်းကိုမေ့မနေခဲ့ဘူးဘဲ၊ငါ့ခြေထောက်ကိုဘဲမေ့နေလိုက်...သူဒါကိုတမင်ရည်ရွယ်ချက်ရှိရှိလုပ်တာဘဲ၊

ငါ့ဘဝရဲ့အဆုံးသတ်ဖြစ်နိုင်တယ်...

''ကိုယ္ေတာ်တို့နောက်တစ်ခါတွေ့ကြတဲ့အခါ ကိုယ္ေတာ့်ကိုဘာကြောင့်ဘယ်လိုသဘောကျရတယ်ဆိုတာကို သေချာလေးရှင်းပြရမယ်နော်...''

ူသူနောက်ဆုံးပြောခဲ့တဲ့စကားတွေကိုပြန်မှတ်မိလာတဲ့အခါ ငါကြောက်စိတ်ကြောင့်တုန်ယင်လာခဲ့တယ်...

DITOEFVWhere stories live. Discover now