Chapter.46(U&Z)

858 154 5
                                    

Unicode.

ကောင်းကင်မှာနေသာလို့နေတယ်၊ဒါက အပြင်ထွက်ပြီးဇာတ်လိုက်ကိုကယ်ဖို့အတွက် အကောင်းဆုံးရာသီဥတုဘဲ...
လေ့ကျင့်ရေးကွင်းကိုရောက်တဲ့အခါ Emilyယူလာတဲ့ယက်တောင်ကို ဖြည်းဖြည်းချင်းဝေ့ယမ်းလိုက်ရင်း အထဲကိုတိုက်ရိုက်ဝင်မသွားဘဲ အဝေးက
စောင့်ကြည့်နေလိုက်တယ်၊.


အင်ပါယာရဲ့ဓားဖြစ်တဲ့ Eckart (Duke) ကသူရဲကောင်းတွေရဲ့အချိန်ကိုနှောင့်ယှက်လို့မရဘူး ဘာလို့ဆို အဲ့တာကအရမ်းအရေးကြီးတယ်ဆိုတဲ့ ခေါင်းစဥ်က်ုသတိထားလို့ပဲ

' နောက်ဆုံးအချိန်တုန်းကလိုတော့ ဓားနဲ့အထိုးမခံချင်တော့ဘူး၊ '

ကံကောင်းစွာနဲ့ဘဲ ဒီအတွေး(အဝေးကစောင့်ကြည့်တာ)ကမှန်နေခဲ့တယ်၊လေ့ကျင့်ရေးက ပင်လယ်ပိုင်းဆိုင်ရာဌာနမှာ လုပ်​​​​ေနခဲ့တယ်၊

ငါသစ်ပင်တွေကြားမှာပုန်းပြီး လေ့ကျင့်ရေးကွင်းကိုချောင်းကြည့်နေလိုက်တယ်၊အဲ့နေရာမှာ အတွဲလိုက်လေ့ကျင့်နေတဲ့အဖွဲ့တွေရှိတယ် ပြီး​တော့ တချို့တွေကကွင်းတစ်ပတ် လေးလံတဲ့သတ္တုတုံးတွေကို ​ေသအောင်ဆွဲနေကြတယ်၊Ecliseလည်းဘဲ သစ်သားဓားကိုကိုင်ထားပြီး စာခြောက်ရုပ်ကိုခုတ်ထစ်ရင်းလေ့ကျင့်နေတယ်၊သစ်သားဓားတွေကိုင်ထားတဲ့ အလုပ်သင်အများစုက အတန်းလိုက်စီထားပြီး သူတစ်ယောက်တည်းအဝေးမှာလေ့ကျင့်နေရတယ်၊

သူဖယ်ကြဥ်ခံထားရမယ်ဆိုတာ မျှော်လင့်ထားခဲ့ပေမဲ့ ငါကိုယ်တိုင်ငါ့မျက်လုံးနဲ့တွေ့လိုက်ရတော့ ငါစိတ်ရှုပ်သလိုခံစားလိုက်ရတယ်၊သူလေ့ကျင့်နေတာကိုကြည့်နေပေမဲ့လည်း ငါ့ကိုအဲ့လိုတွေးမိအောင်လုပ်နေတုန်းပဲ၊

ဖြောက်..ဖြောက်~~~စာခြောက်ရုပ်ရဲ့အချက်ချာကို ထိုးစိုက်လိုက် ရိုက်လိုက်နဲ့အကြိမ်ကြိမ်လေ့ကျင့်နေတဲ့ လူတွေရှိပေမဲ့ သူတို့နဲ့မတူတာက Ecliseက ဒီတိုင်း ထိုးစိုက်လိုက် ရိုက်လိုက်လုပ်နေတာမျိုးမဟုတ်ဘဲ စာခြောက်ရုပ်ကို အပြီးသတ်လုနီးပါးဖြစ်နေခဲ့တယ်၊

ဖျတ်~~~သူသစ်သားဓားကိုလွှဲလိုက်တဲ့အချိန်တိုင်း လူတစ်ယောက်မုန်လာဥခုတ်သလောက်ကို စာခြောက်ရုပ်ကနေ ​အကြီးကြီးပဲ့သွားတော့တယ်၊ကောက်ရိုးမှုန်တွေက နေရာအနှံ့ကိုလွင့်စင်သွားတော့တယ်၊သူအဲ့တာကိုဓားနဲ့ခုတ်တာမဟုတ်ပေမဲ့ သူအားစိုက်ပြီးရိုက်လိုက်တာက အဲ့တာကိုပြတ်ထွက်သွားစေတဲ့ပုံပေါ်တယ်၊

DITOEFVWhere stories live. Discover now