Chapter.55(U&Z)

813 156 4
                                    

Unicode.

Rennald ပြောခဲ့တာမှန်တယ်၊ဓားသမားတွေရဲ့လေ့ကျင့်ရေးကမပြီးသေးတာကြောင် ငါလေ့ကျင့်ရေးကွင်းကိုရောက်သွားတဲ့အချိန် လေထုကပရမ်းပတာဖြစ်နေခဲ့တယ်၊

ကံကောင်းချင်တော့ လေးအတက်ကိုလေ့ကျင့်နေတဲ့သူတွေမရှိကြပဲ ပစ်မှတ်တွေရှိတဲ့ဘက်က လေ့ကျင့်ရေးကွင်းနဲ့ခပ်လှမ်းလှမ်းမှာရှိနေပြီး ဗလာဖြစ်နေခဲ့တယ်၊( လူမရှိတာကိုပြောတာပါနော် )

အစုအဝေးနဲ့သူရဲကောင်းတွေကိုရှောင်ချင်တာနဲ့ ငါလေ့ကျင့်ရေးကွင်းကနေ ပတ်ပြီးရုန်းထွက်လာရတယ်၊ဖြတ်သွားလိုက်ရင်ပိုမြန်တယ်ဆိုပေမဲ့  Dukeနဲ့မျက်နှာချင်းဆိုင်ခဲ့ရတဲ့အချိန်က ကြာသေးတာမဟုတ်ဘူး၊ခုအချိန်က ပြသနာမဖြစ်အောင် ငြိမ်ငြိမ်လေးနေရမဲ့အချိန်ပဲ၊

အဆုံးမှာတော့ ပစ်မှတ်အရှေ့မှာရပ်ပြီး မြားကိုလေးပေါ်တင်လိုက်တယ်၊ပြီးတာနဲ့လေးညို့ကိုဆွဲပြီး ချိတ်မှာတင်လိုက်တယ်၊အဲ့​ေနာက်မောင်းတံကို လှည့်လိုက်ပြီးအသင့်ပြင်လိုက်တယ်၊

ဒူးလေးကိုတစ်နှစ်လောက်သုံးခဲ့တဲ့ ဒီခန္ဓာကိုယ်ပိုင်ရှင်ကိုငါယုံကြည်ခဲ့တယ်၊

'' ဘာကမှားနေရပြန်တာလဲ ''

ဒါပေမဲ့ ပစ်မှတ်ဆီဦးတည်နေတဲ့ မြားရဲ့အဆုံးကငြိမိသက်မနေတာကို ခံစားမိလိုက်တယ်၊အဲ့နေရာမှာဒီတိုင်းရပ်နေတုန်းက ပေါ့ပါးတယ်လို့ခံစားမိပေမဲ့ ငါတစ်ခုခုကိုချိန်ရွယ်လိုက်တဲ့အခါမှာတော့ ငါ့ရဲ့လက်မောင်းတွေတုန်ယင်လာခဲ့တယ်၊ဘာလို့ဆို အဲ့တာကငါထင်တာထက်ပိုလေးနေတာကြောင့်ပဲ

'' သူမတကယ်ကြီးမပစ်ခဲ့ဘူးလား ''

ငါမရပ်နိုင်ခဲ့ဘူး၊ပြီးတော့ ငါ့ရဲ့ဒေါသတွေကိုထွက်ပေါက်ရှာဖို့အတွက် လက်မောင်းကိုပြန်ချလိုက်တယ်၊ငါအဲ့တာကိုတင်နိုင်ရုံပဲရှိသေးတယ် ဒါပေမဲ့ငါအဲ့တာကိုဘယ်လိုကိုင်ပြီး ဘယ်လိုပစ်ရမလဲဆိုတာတော့ မသိဘူး၊

ငါ့ရဲ့လက်ကောက်ဝတ်တွေကိုခါထုတ်လိုက်ပြီးနောက် ဒူးလေးကိုထပ်ပြီးမလိုက်တယ်၊ဒီတစ်ခါတော့ ငါ့လက်မောင်းတွေ မတုန်လာခင်အဲ့တာကိုမြန်မြန်ပစ်ပလိုက်မယ်၊

DITOEFVWhere stories live. Discover now