Chapter.40(U&Z)

911 147 3
                                    

Unicode.

ငါအရုပ်တွေနဲ့ကစားနေရလို့ စိတ်ဆိုးမာန်ဆိုးနဲ့ အကြီးဆုံးဇွန်းကိုကိုင်လိုက်တယ်၊
အဲ့တာကတည်ခင်းထားသမျှထဲမှာအကြီးဆုံးဆိုပေမဲ့ လက်ဖက်ရည်ဇွန်းထက်တောင်သေးနေသေးတယ်၊ငါအဲ့တာနဲ့စွပ်ပြုတ်ကိုလှမ်းခတ်လိုက်ပေမဲ့ အဲ့တာကကြွက်မြှီးသာသာလောက်ဘဲ၊
ခက်ရင်းကဆလပ်သုတ်ထဲက ဆလပ်ကိုတောင်မလို့မရဘူး၊ဓားကအရွယ်အစားအဆင်ပြေပေမဲ့ အဲ့တာကနူးညံနေအောင်ချက်ထားတဲ့ အသားရဲ့မျက်နှာပြင်ကိုတောင်မထိုးဖောက်နိုင်ဘူး၊

' စိတ်ဝင်စားစရာဘဲ '

ငါအသုံးဆောင်ပစ္စည်းတွေကို မကြည့်ရင်း ဟာသလုပ်နေမိတယ်၊ပြိးတော့ငါ့ရှေ့က အငွေ့တထောင်းထောင်းထနေတဲ့စားစရာတွေကို အဲ့တာတွေနဲ့ ထိကြည့်​​​နေမိတယ်၊တကယ်လို့ငါမစားနိုင်ဘူးဆိုရင်တောင် အဲ့တာကိုမြင်ချင်နေသေးတယ်၊

စားဖိုဆောင်ထဲမှာဒီလိုအခြေနေမျိုးဖြစ်နေတာတောင် Emily အစားစာတွေကိုဘယ်လိုများသယ်လာလဲ၊
ဒါကိုတွေးကြည့်ရင် တကယ်လို့စားစရာအသိုးတွေက ပျံနှံနေတယ်ဆိုရင် စားဖိုဆောင်ကအလုပ်သမားတွေလည်း ဆိုးဆိုးရွားရွားဆက်ဆံခံရလိမ့်မယ်၊

ငါသူမကိုခြိမ်းခြောက်ပြီးကတည်းက Emilyကငါ့ဆီကိုကျန်းမာရေးနဲ့ညီညွတ်တဲ့အစားစာတွေယူလာခဲ့တယ်၊ ထပ်ပြီးပြောရရင် ငါစားချင်တာတွေသူမကိုပြောပြရင်တောင် သူမက ကို့ရိုးကားယားနဲ့အဲ့တာကိုလုပ်လာပေးသေးတာ၊

'ငါအခန်းကိုပြန်ရောက်ရင် သူမကိုဆုပေးသင့်တယ်'

ဒီအတောအတွင်း Emilyကိုသံတံတိုင်းတစ်ခုတားပြီးဆက်ဆံခဲ့မိတာကို နည်းနည်းအားနာမိတယ်၊ထပ်ပြီးငါရှေ့ကပန်းကန်ထဲမှာ အလျဥ်းသင့်သလိုရောက်နေတဲ့ အစားစာတချို့ကိုငါ့မျက်လုံးနဲ့ကြည့်ရင်း တွေးနေခဲ့တယ်၊

' တော်လိုက်ရင်ကောင်းမယ် '

နောက်ဆုံးမှာတော့ ငါဘာကိုမှသေချာမစားလိုက်ရဘူး၊မျှော်လင့်ထားတဲ့အတိုင်း Dukeနဲ့သူ့သားတွေကတေယ့ ငါအစာစားနေလား စားစရာတွေနဲ့ဆော့နေလားဆိုတာ စိတ်မဝင်စားကြဘူး...

DITOEFVWhere stories live. Discover now