Chapter.25

1K 167 0
                                    

သေချာတာပေါ့၊ တကယ်ဖြစ်သွားတာတော့မဟုတ်ပေမဲ့၊ အားနည်းတဲ့မျိုးရိုးမြင့်အမျိုးသမီးတစ်ယောက် အစောင့်တစ်ယောက်တောင်မပါဘဲလျောက်သွားနေရတယ်ဆိုတာက​ အဆိုးရွားဆုံးအရာတေွထဲကတစ်ခုဘဲ၊

"နင်သိပြီလား...ငါဘာလို့Ecliseကိုငါ့ရဲ့အစောင့်အဖြစ်ထားရတယ်တဲ့အကြောင်းကို..."

"………"

"စိတ်ပူစေမိလို့တောင်းပန်ပါတယ် အကို"

ပြောလို့ပြီးတာနဲ့​ နေရာမှာတောင့်တောင့်ကြီးရပ်နေတဲ့​ Rennaldကိုဖြတ်ပြီးတော့ လေှကားဆီကိုလျေှာက်သွားလိုက်တယ်၊
ငါ့ရဲ့နောက်ကနေသူတို့လိုက်လာတဲ့အချိန်Ecliseကမျက်နှာအမူယာကင်းမဲ့ေနပြီး Emily ကတော့​ကြမ်းပြင်ကိုဘဲကြည့်နေခဲ့တယ်

Penelope ကိုစောင့်ကြည့်နေကြတဲ့ ဒီမှာအလုပ်လုပ်နေတဲ့သူတေွက သူမအချိန်မရေွးအန္တရာယ်နိုင်တာကိုသိပြီးတဲ့နောက်မှာတော့ အဝေးကဘဲနေကြတော့တယ်၊ ဒီမှာငါလုပ်နိုင်တာဘာမှမရှိဘူး...

ဒီနေရာမှာ​ငါလုပ်နိုင်တာတေွကိုကောင်းကောင်းမစဥ်းစားနိုင်ဘူး၊

'ဒီကမ္ဘာကိုမရောက်ခင်က ငါ့ကိုယ်ငါကိုပြန်တေွးတာမျိုးမလုပ်နိုင်ခဲ့ဘူး'
ငါဒီကမ္ဘာကိုမရောက်ခင်တုန်းကဖြတ်သန်းခဲ့ပြီးသွားပြီ၊

ငါတစ်လှမ်းချင်းလျေှာက်လာခဲ့တယ်၊

[Date​ At The Festival] With [Rennald] quest fail!!! Try Again?? [Accept\Reject]​

ငါ​ချက်ချင်းဘဲ Rejectခလုတ်ကိုနှိပ်လိုက်တယ်၊

Ecliseကနောက်ကလိုက်လာနေရင်း ငါ့ရဲ့အခန်းထဲထိပါလိုက်ဖို့ကြိုးစားနေတာကြောင့်

"ဘယ်အထိ ငါ့နောက်ကိုလိုက်နေဦးမှာလဲ..."

အထဲကိုဝင်လာတဲ့​Ecliseရေှ့ကနေပိတ်ရပ်လိုက်တယ်၊

"ဒါပေမဲ့..."

သူကခေါင်းကိုစောင်းလိုက်ရင်း အေးအေးဆေးဆေးပြောလာခဲ့တယ်၊

"ဒါပေမဲ့​ မင်းဘဲကျွန်တော့ရဲ့တန်ဖိုးကိုသက်သေပြရမယ်လို့ပြောခဲ့တယ်လေ..."

(ခန္ဓာကိုယ်နဲ့သက်သေပြမဲ့ကောင်လေး🤭)​

အခုချိန်ထိကောင်းကောင်းသရုပ်ဆောင်နေရတဲ့သူ့ရဲ့အကြောင်းရင်းကြောင့် ငါနည်းနည်းမှင်တက်သွားရတယ်၊

DITOEFVWhere stories live. Discover now