Chapter .8

1.3K 190 3
                                    

လေှကားတေွကနေ မြန်မြန်ဘဲငါ့ရဲ့အခန်းထဲကိုရောက်လာခဲ့တယ်၊ အနေ​ာက်ကတံခါးက ဆတ်ခနဲလှမ်းပိတ်ပီးတာနဲ့ အိပ်ရာပေါ်ကိုသာ​ချက်ချင်းခုန်တက်မိလိုက်တော့တယ်၊

'ဟူး....'

ငါ့ရဲ့တောင့်တင်းနေတဲ့​ခန္ဓာကိုယ်​က​ နူးညံ့အိစက်နေတဲ့ မေွှ့ရာနဲ့ထိလိုက်တာနဲ့အရည်ပျော်ကျသွားသလိုတောင်ခံစားလိုက်ရတယ်...

ခုကနေ့လည်ဘဲရှိသေးပေမဲ့ ငါတနေကုန်သွားပီလို့တောင်ခံစားနေရတယ်၊
Derrick နဲ့တေွ့တုန်းက ကြောက်စိတ်ကြောင့်အလျှင်အမြန်ခုန်နေတဲ့ ငါ့ရဲ့နှလုံးသားလေးကို ထွက်သက်ဝင်သက်မြန်မြန်ရှုထုတ်ပီး ငြိမ်အောင်ကြိုးစားလိုက်တယ်...

အနည်းငယ်ကြာသွားတဲ့အခါမှာတော့​ငါ့ရဲ့ပါးစပ်ကနေအဓိပ္ပာယ်မရှိတဲ့ရယ်သံတချို့ထွက်လာခဲ့တယ်

'ဟား... ငါအသက်ရှင်နေသေးတာဘဲ... '​

Gameထဲမှာခဏခဏရှုံးလို့ ပြန်ကြိုးစားရခဲ့သမျှတေွက အလကားတော့မဖစ်ဘူးဘဲ...

ကြောက်စိတ်တေွမွှန်နေတဲ့ကြားထဲကမှ Derrick ကို​ပထမသခင်လေးလို့ခေါ်နိုင်ခဲ့တယ်၊

အဲ့​အချိန်​က​ Gameထဲကပုံရိပ်တေွကို ပြန်မြင်မိစေတယ်၊
Hard moodမှာပထမဆုံးအကြိမ်ကစားခဲ့တုန်းက Derrick ရဲ့​interest bar က​တခြား​ဇာတ်ကောင်တေွနဲ့မတူဘဲ​ အဓိကအာရုံထားခဲ့ရတာ၊
Derrick ရဲ့interestကိုတိုးအောင်လုပ်နိုင်ဖို့ ဆုံးဖြတ်ချက်တေွကိုအသေချာဂရုစိုက်ခဲ့ရပြီး၊ နောက်ထပ်ရေွးချယ်မှုတေွကိုနည်းနည်းလောက်ဂရုမထားလိုက်တာနဲ့​ သူ့ရဲ့interestကပိုပြီးတော့ထိုးကျသွားတော့တာပါပဲ...

တကယ်ပဲဘာလို့လဲဆိုတာကိုမသိခဲ့ဘူး၊

'Gameထဲမှာတောင်သူ့ရဲ့စိတ်ကဘာလို့အမျိုးမျိုးဖြစ်နေရတာလဲ?? '

ငါ့ရဲ့မေးခွန်းတေွက အကြိမ်ကြိမ်သေဆုံးသွားပြီးတဲ့နောက်မှာ​အဖြေရလာခဲ့တယ်၊
Derrick ကPenelope ကိုအရမ​်းမုန်းတာက​ြောင့်လည်း​သူမကသူ့ကိုအကိုလို့ခေါ်လိုက်တာနဲ့တင် သူ့ကိုအထိတ်တလန့်ဖစ်စေတယ်

အာ့ကြောင့်​ငါက​ အကို ဆိုတဲ့စကားလုံးပါတဲ့ရေွးချယ်မှုကိုရေွးလိုက်တာနဲ့ သူ့ရဲ့interest barကထိုးကျသွားတာလေ...

DITOEFVWhere stories live. Discover now