Chapter.34(U&Z)

841 156 2
                                    

Unicode.

'' အစောတုန်းက ကို့ရဲ့ရိုင်းပြမှုနဲ့ပတ်သတ်ပြီး ဘာမှမစဥ်းစားနိုင်ခဲ့ဘူး... ''

'' ........... ''

'' သတင်းအဖွဲ့ရဲ့ အဓိကဦးစားပေးက ဖောက်သည်တွေနဲ့ သူတို့ရဲ့ကြားကယုံကြည်မှုဘဲ၊တကယ်လို့ ကိုကမင်းရဲ့မှတ်ဉာဏ်တွေကိုအကုန်ဖျက်ပစ်လိုက်မယ်ဆိုရင် ကိုကအရာအားလုံးကိုဖျက်ပစ်လိုက်ရမှာ ကိုတို့ဆီပို့ထားတဲ့မင်းရဲ့တောင်းဆိုချက်အပါအဝင်ပေါ့ ဒါပေမဲ့ ကိုအဲ့လိုမရည်ရွယ်ပါဘူး.... ''

'မှတ်ဥာဏ်တွေဖျက်လိုက်မယ် 'ဆိုတဲ့စကားကိုသူပြောလိုက်တဲ့အခါ ငါ့ရဲ့မျက်ခုံးတွေကို ကြုတ်လိုက်မိတယ်၊ ငါကသူ့ကိုရှာဖို့အတွက်နဲ့ ပါတီတွေအများကြီးတက်လုနီးပါးဘဲ၊ အဲ့လိုမဖြစ်ခဲ့တာကိုဘဲကျေးဇူးတင်ရမယ်

'' ဒါဆို...ရှင်ကျမကိုပြောချင်တာဘာများလဲ...  ''

'' ကျေးဇူးပြုပြီး ဒီနေ့အဲ့နေရာမှာ မင်းတွေ့ခဲ့တာတွေကို လျှို့ဝှက်ချက်အနေနဲ့ထားပေးပါ  ''

'' ...... ''

'' အပြန်လှန်အနေနဲ့ မင်းရှာနေတဲ့လူနဲ့ပတ်သတ်တဲ့အရာအားလုံးကို မင်းဆီပို့ပေးပါ့မယ်...ကိုတက်နိုင်ရင်ပေါ့ ''

သူ့ရဲ့ကမ်းလှမ်းချက်ကငါ့ကိုအံ့အားသင့်စေတယ်၊
အဲ့နေရာကဘယ်လောက်အရေးပါနေလို့ သူကဒီလောက်ထိပြောနေရတာလဲ...

'' အဲ့နေရာက ကလေးတွေကဘာများအရေးကြီးနေလို့လဲ၊သူတို့တွေကသစ္စာဖောက် မျိုးရိုးကနေဆင်းသက်လာတဲ့သူတွေများလား ''

'' သူတို့ကထောင်ထဲကနေကယ်တင်ထားရတဲ့ Semi-magic အဖွဲ့ရဲ့နှိပ်စက်ညှင်းပန်းတာကိုခံခဲ့ရတဲ့ မိဘမဲ့ကလေးတွေဖြစ်တယ် ''

'' Semi-magic အဖွဲ့ ? ''

' အဲ့ဒါကGameထဲကစိတ်ကူးယဥ်ဇာတ်ကွက်တစ်ခုဘဲလား '

ငါ့ရဲ့မှတ်ဉာဏ်တွေကို ရေဆွတ်လိုက်ပေမဲ့ အဲ့တာနဲ့တူတဲ့ဘာကိုမှမမှတ်မိတော့ဘူး၊ Vinterကနာကြည်းနေတဲ့အသံနဲ့ရှင်း​ြပလာခဲ့တယ်၊

'' အဲ့အချိန်တုန်းက မှော်ပညာကစီးပွားရေးဆန်နေခဲ့တယ်၊ ယုံကြည်ရတဲ့ခရစ်ယာန်ဘုန်းကြီးလို အယောင်ဆောင်တဲ့လူတွေက မှော်ပညာရှင်တွေကိုပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့ကြတယ်၊ အဲ့တာကလျှို့ဝှက်တဲ့အနက်ရောင်မှော်ဖြစ်ပြီး အယူဝါဒကိုဆန့်ကျင်နေတဲ့အပြင် အရှုပ်အထွေးတွေကိုဖြစ်စေတယ်လို့ပြောလာကြတယ် ''

DITOEFVWhere stories live. Discover now