4ရက်အကြာမှ ငါပြန်ထလာနိုင်ခဲ့တယ်...
"Lady... အခုသက်သာတယ်မလားဟင်..."
ငါမျက်လုံးဖွင့်ဖွင့်ချင်းမှာဘဲ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့Emilyကိုအရင်တေွ့လိုက်ရတယ်၊
"အင်း... ငါအဆင်ပြေပါတယ်..."
"တကယ်ကံသီပေလို့... မမလေးကို ကျမဘယ်လောက်တောင်စိတ်ပူနေရလဲဆိုတာသိရဲ့လား... သခင်ကြီးနဲ့ သခင်လေးတို့လည်းLadyကိုစိတ်ပူနေကြတာ... "
"အဲ့လိုလား..."
ငါနည်းနည်းယဥ်ယဥ်ကျေးကျေးပြန်ပြောလိုက်တယ် သူမကိုယ်တိုင်ပြောနေတဲ့တချို့ကသိပ်အဓိပ္ပာယ်မရှိဘူးလေ၊ အဲ့နောက်သူမကခေါင်းကိုငြိမ့်လိုက်ရင်း စိတ်လှုပ်ရှားနေတဲ့အသံနဲ့ဆက်ပြောတယ်၊
"ဒါပေါ့ပထမသခင်လေးဆို ladyကိုပေွ့ချီပြီးအိမ်တော်ကိုပြေးလာတုန်းကဆို သူ့ရဲ့မျက်နှာကသေွးမရှိတော့တဲ့အတိုင်းဘဲ..."
"ငါ့အကိုကြီးကလား..."
"သခင်ကြီးဆို မြို့တော်ကအတော်ဆုံးဆရာဝန်တေွကိုခေါ်ဖို့အမိန့်ပေးခဲ့တာ၊ ဒုတိယသခင်လေးကိုဆိုနန်းတော်ကိုလိုက်မသွားဖို့ အိမ်ထိန်းကမနည်းတားနေရသေးတာ... "
သူမဆက်ပြောတဲ့စကားတေွကြောင့် နည်းနည်းအံ့အားသင့်သွားရတယ်၊ သူမကပုံကြီးခဲျ့ပြောနေပေမဲ့ တစ်ဖက်ကကြည့်ရင်လည်း Penelopeကိုဂရုစိုက်ပေးတယ်ဆိုတာကလုံးဝမျေှာ်လင့်မထားတဲ့အရာဘဲ....
"Lady... တစ်ခုခုဖြစ်ပြီလို့ကျမကထင်ခဲ့တာ"
"Emily... မင်းမှာခက်ခဲတဲ့အချိန်တေွရှိခဲ့တာဘဲ..."
"ခက်ခဲတယ်... မဟုတ်တာ... အဲ့လိုမပြောပါနဲ့... ကျမကladyရဲ့ ကိုယ်ပိုင်အစေခံလေ..."
ကြည့်ရတာငါသတိလစ်နေတဲ့အချိန်အတွင်းအများကြီးဖြစ်ပျက်ခဲ့တဲ့ပုံဘဲ...
Emilyကိုကြည့်နေရင်းငါ့စိတ်ထဲမှာအနည်းငယ် ဟာလာဟင်းလင်းဖြစ်သွားတယ်၊ ဘာလို့ဆို အရင်ကငါ့ကိုသူကိုယ်တိုင်အပ်တေွနဲ့ထိုးခဲ့တဲ့တစ်ယောက်ကသူ့ကိုယ်သူငါ့ရဲ့ကိုယ်ပိုင်အစေခံပါလို့ပြောပြီးမျက်ရည်ရွှဲလဲဖြစ်နေတယ်လေ...
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...