Chapter.79(U&Z)

759 110 6
                                    

Unicode.

အိမ်ရှေ့စံရဲ့မျက်လုံးတွေ တဖြည်းဖြည်းကျယ်လာခဲ့တယ်၊

'' ဘာရယ်... ''

'' အိမ်ရှေ့စံပြန်လာတဲ့အထိမ်းအမှတ်အနေနဲ့ ကပွဲလုပ်တုန်းက ကျွန်မအိမ်ရှေ့စံကိုမြင်လိုက်တဲ့အချိန်ပဲ၊ ''

ပထမဆုံးအိမ်ရှေ့စံနဲ့တွေ့တဲ့အချိန်ကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလိုက်တယ်၊
တကယ်တော့ ပထမဆုံးတွေ့တာက ဒုတိယမင်းသားရဲ့ မွေးနေ့ကပွဲမှာပဲ၊

ဒါပေမဲ့လည်း အဲ့နေ့ကအိမ်ရှေ့စံရဲ့ ပုံရိပ်က ငါ့ခေါင်းထဲမှာ သဘာဝအတိုင်းပေါ်နေခဲ့တယ်၊အနီရောင်ကော်ဇောထက်ကနေ ဂုဏ်ယူဝင့်ကြွားစွာနဲ့ လျှောက်လှမ်းလာတဲ့ လွင့်မျောနေတဲ့အနီရောင်ဝတ်ရုံနဲ့ အရပ်မြင့်မြင့်အမျိုးသားတစ်ဦး၊

'' အရှင့်ရဲ့ဆံနွယ်တွေက မီးဆိုင်းတွေရဲ့အလင်းရောင်ကြောင့် တောက်ပနေခဲ့ပြီး...အဲ့တာက ရွှေမှုန်တွေလေထဲမှာ ကြဲနေသလိုပဲ ''

လုပ်ကြံသူကို ဆွဲထုတ်မလာခင်အထိပေါ့၊ငါသူ့ကို တကယ့်တော်ဝင်ပုံရိပ်ဖြစ်တယ်လို့ ငါတွေးခဲ့မိတယ်၊

ပုံရိပ်တစ်ခုတည်းကိုသာကြည့်ရင် အိမ်ရှေ့စံရဲ့တကယ့်အစစ်အမှန်ပုံရိပ်က အရမ်းအရမ်းကိုမှ မြင့်မြတ်လွန်းတယ်၊အဲ့တုန်းကဖြစ်ခဲ့ဖူးတဲ့ ခံစားချက်ကို ဆွဲထုတ်ပစ်လိုက်တယ်၊

'' ပြီးတော့ အိမ်ရှေ့စံရဲ့မျက်လုံးတွေက ပတ္တမြားတွေရှိနေသလိုမျိုး အရမ်းကိုမှစွဲမက်ဖွယ်ကောင်းတယ် ''

'' စွဲ...မက်...? ''

အိမ်ရှေ့စံက အံ့အားသင့်နေတဲ့လေသံနဲ့ ပြန်မေးလာခဲ့တယ်၊

'' အဲ့တာက မင်းကိုယ့်ကို မြင်မြင်ချင်းသဘောကျသွားရတဲ့ အကြောင်းအရင်းလား ''

'' လူတွေက ပိုက်ဆံရှိတာကို သဘောကျသလိုပါပဲ ''

ငါလုံးဝမချစ်မိသွားပါဘူး၊အဲ့တာကြောင့် အကောင်းမြင်မဲ့အစား သင့်တော်သလိုပြန်ဖြေလိုက်တယ်၊

'' ကျွန်မ လက်ဝတ်ရတနာတွေကိုကြိုက်တယ်၊သေချာတာပေါ့
ရွှေရောပဲ ...''

'' ဟမ်း... ''

စောင့်နေခဲ့တဲ့ အကြောက်းပြချက်က အဓိပ်ပါယျမရှိပမေဲ့လညျး အိမ်ရှေ့စံက သက်ပျင်းတစ်ချက်ရှိုက်လိုက်ရင်း ဆက်ပြောခဲ့တယ်၊

DITOEFVWhere stories live. Discover now