Chapter.70(U&Z)

716 125 4
                                    

Unicode.

တောအုပ်အစက ကျယ်ဝန်းတဲ့နေရာရဲ့တစ်ဖက်မှာအမဲလိုက်ပြိုင်ပွဲအတွက်စီစဥ်ထားတဲ့ တောအုပ်ငယ်လေးတစ်ခုရှိတယ်၊ပြိုင်ပွဲဝင်သူတွေကိုစောင့်နေကြတဲ့အမျိုးသမီးတွေက အစိမ်းရောင်မြင်ကွင်းတွေကိုကြည့်ဖို့ခန်းမတစ်ခုလို သဘာဝရူခင်းတွေကိုဖွဲ့စည်းထားကြတယ်၊

စားပွဲရှည်ကြီးတစ်ခုလုံးကို ပန်းတွေနဲ့အလှဆင်ထားပြီး အတွင်းပို်င်းက Countnessပြောသလိုပဲလူပြည့်လုနီးပါးဖြစ်နေခဲ့တယ်၊

'' အားလုံးပဲရှင့်... ''

ဦးဆောင်သူက လက်ခုပ်တီးပြီး အာရုံစိုက်ခံရအောင်ပြုလုပ်လိုက်တယ်၊

'' အားလုံးပဲ၊ကြည့်ပါဦး ကျွန်မနဲ့အတူဘယ်သူပါလာသလဲလို့ ''

'' ဘုရားရေ... ''

'' ကြည့်ရတာ ရှင်တို့ရောက်လာကြတဲ့ပုံပဲ ''

Countess Dorothea ရဲ့နောက်လိုက်အမျိုးသမီးတစ်ယောက်ချင်းစီက အသိမှတ်ပြုတဲ့စကားတွေဆိုလာကြတယ်၊လူတော်တော်များများကတော့ ယပ်တောင်နဲ့ပါးစပ်ကိုကာရင်း တီးတိုးပြောနေကြတယ်၊ဆိုတော့ကာ အဲ့တာကကောင်းတဲ့တုန့်ပြန်မှုဆိုတာမသေချာဘူး...

' ရှင်တို့အဲ့လောက်ဇီဇာကြောင်နေဖို့မလိုပါဘူး '

ငါသူမရဲ့မျက်နှာကိုကြည့်နေတဲ့အချိန် ဘယ်လိုပဲ​ြဖစ်ဖြစ်သူမကိုသိတာမှမဟုတ်တာ၊

လက်ဖက်ရည်ပါတီကို လူအများတက်ရောက်ကြတယ်၊အသက်ကြီးတဲ့အမျိုးသမီးတွေကနေ အမျိုးသမီးအငယ်လေးတွေအထိ...
နည်းနည်းလေးစပ်စုချင်နေတာက ဘာလဲဆိုတော့
ငါနဲ့မတူပဲ သူတို့အများစုရဲ့နောက်မှာ အစေခံတွေရှိနေတာကိုပဲ...

ဒါ့အပြင် ငါ့လိုအမဲလိုက်ဝတ်စုံနဲ့အမျိုးသမီးမရှိဘူး၊
အဲ့အချက်ကိုသိပြီးသားဆိုပေမဲ့ ငါတစ်ယောက်တည်းထင်ပေါ်တဲ့ဝတ်စုံမျိုးဝတ်လာတယ်ဆိုတာကြီးက ခေါင်းကိုတည်ပစ်လိုက်သလိုမျိုးခံစားရတာကြောင့် ငါ့ပါးစပ်မှာခါးသီးမှုတွေဖြစ်တည်နေခဲ့တယ်၊

' ငါEmily ကိုခေါ်ခဲ့သင့်တာလား၊သူမက ငါ့ကိုသူမနဲ့အတူသွားဖို့မှမပြောတာ အဲ့တော့ ငါကထားခဲ့လိုက်တာပေါ့ '

DITOEFVWhere stories live. Discover now