Chapter.28(U&Z)

1K 162 1
                                    

Unicode...

သူ့ရဲ့Interest3% ကရုတ်ချည်းတက်လာခဲ့တယ်၊ဒါပေမဲ့ အဲ့တာနဲ့ပတ်သတ်ပြီးပျော်နေနိုင်မဲ့အခြေနေဟုတ်မ​ေနဘူး၊

''မင်းဘာလို့..... ''

''ပထမဆုံးဒါကိုငါ့ပေါ်ကနေဖယ်ပေးလို့ရမလား''

ငါ့လည်ပင်းပေါ်ကသစ်သားဓားကိုဖျတ်ခနဲကည့်လိုက်ပြီးမှ မေးလိုက်တယ်၊

'' အဲ့တာကအေးတယ်...''

''အာ... ''

အသိတရားဝင်သွားတဲ့အသံနဲ့အတူ သူ့ခေါင်းကိုမော့လိုက်ပြီး သူ့ရဲ့ဓားကိုပါလေထဲကိုမြှောက်လိုက်တယ်

ဝှစ်~~

အဲ့အချိန်မှာဘဲ ရှည်လျားတဲ့အရာဝတ္ထုရဲ့အရိပ်ပေါ်လာတာကိုတွေ့လိုက်ရတယ်၊ငါအလိုလိုမျက်လုံးတွေပိတ်လိုက်မိတယ်၊

သူငါ့ကိုခုတ်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်ဒါပေမဲ့အဲ့တာကငါပြောသလိုဘဲ... အလိုလိုဖြစ်သွားတာ

ဖြောင်း~~

ငါ့ရဲ့မျက်လုံးတွေကိုပြန်မဖွင့်ခင်တစ်ခုခုကျိုးသွားတဲ့အသံကိုကြားလိုက်ရတယ်၊ငါမြေကြီးကိုကြည့်လိုက်ပြီး ကျိုးသွားတဲ့သစ်သားဓားကိုရှာလိုက်ပေမဲ့အဲ့တာကတကယ်ကိုပြင်းပြင်းထန်ထန်လွှတ်ပစ်ခံထားရတယ်၊

''ဘာများ... ''

ငါ့ရဲ့ခေါင်းကိုမော့လိုက်တဲ့အခါ Ecliseကသူ့ရဲ့ဒူးတွေကို စိုစွတ်နေတဲ့ရွှံ့တွေပေါ်ကိုလွှတ်ချလိုက်တယ်...

''သခင်မ...''

''……....  '' 

'' တောင်းပန်ပါတယ်''

မြေကြီးပေါ်မှာဒူးထောက်နေရင်းတောင်းပန်လာခဲ့တယ်၊

'' ဘယ်လောက်ရဲတင်းလိုက်သလဲ...ကျနော်...သခင်မကို...''

မျက်မှောင်ကြုတ်နေတဲ့သူ့ရဲ့မျက်နှာကလမ်းဘေးမှာငိုနေတဲ့ကလေးတွေနဲ့တူနေတယ်၊

DITOEFVWhere stories live. Discover now