Chapter.74(U&Z)

636 124 2
                                    

Unicode.

' 2 '

' 1 '

အရပ်ရှည်ရှည်နဲ့အမျိုးသားရဲ့ ခေါင်းပေါ်ကနေ ရေတွက်နေမှုကပြီးဆုံးသွားခဲ့တယ်၊

System>>> အချိန်ပြည့်သွားတာကြောင့်
( Callisto )ရောက်လာပြီး ( ဝက်ဝံကြီး )ကိုသတ်လိုက်ပါတယ်၊

( ကြီးမြတ်တဲ့ဝက်ဝံအမဲလိုက်ခြင်း )လုပ်ငန်းစဉ်ကျရှုံးပါတယ်>>>

' ပျက်စီးသွား​​​ပြီပဲ၊ဇာတ်လိုက်ပေါ်လာဖို့အတွက် အချိန်ကန့်သတ်ထားတာလား '

အမောတကောနဲ့ အသက်ကိုဖြည်းဖြည်းရှူနေရင်း Systemရဲ့အဖြူရောင်ကားချပ်ပေါ်ကနေအုပ်မိုးလာတဲ့ အိမ်ရှေ့စံမင်းသားကိုစူးစိုက်ကြည့်လိုက်တယ်၊

'' မင်း ကြောင်စိစီနဲ့ ဘာတွေကြည့်နေတာလဲ ''

နောက်ဆုံးမှာတော့ ရှေ့ကနေရာကိုရောက်နေတဲ့
အိမ်ရှေ့စံက ငါ့ကိုတွေ့တာနဲ့ပါးစပ်ကိုဟပြီးပြောလာခဲ့တယ်၊အဲ့နောက် သူ့ရဲ့နှုတ်ခမ်းထောင့်ကိုပင့်ပြီးပြုံးလိုက်တယ်၊

'' ဘာလို့လဲ...အခု အချစ်မှာထပ်ပြီးနစ်မျောသွားပြန်တာလား ''

အဲ့တာကငါ့ကိုနိုးထစေပြီး မှုန်ကုတ်သွားစေတယ်၊

'' အဲ့တာကအမှန်ဖြစ်လာမှာမဟုတ်ဘူး ''

'' ကိုယ်တော်က မင်းကိုကယ်ခဲ့တာတောင်၊ဒါပေမဲ့ ကိုယ်တော် စိတ်မကောင်းဖြစ်ရတယ် မင်းသမီး... ''

အိမ်ရှေ့စံက နောင်တမရှိတဲ့အကြည့်တွေနဲ့အတူ ပေါက်ပေါက်ဖောက်နေခဲ့တယ်၊

ထူးဆန်းစွာနဲ့ပဲ ထေ့ငေါ့တဲ့အသံက နှလုံးခုန်မြန်နေမှုကိုတည်ငြိမ်သွားစေခဲ့တယ်၊

' ဟားးးငါဝက်ဝံကြီးလက်ချက်နဲ့ သေပြီလို့တကယ်တွေးနေခဲ့တာ '

​ချိုင့်ဝင်နေတဲ့အက်ကြောင်းတွေနဲ့ ကြီးမားတဲ့ခြေသည်းတွေရှိတဲ့ ဝက်ဝံကြီးရဲ့ခြေထောက်တွေ အဲ့တာတွေကအော်သံကြီးနဲ့အတူ နီးကပ်လာနေတယ်၊

ငါထပ်ပြီးတော့ ရင်တွေတဒိန်းဒိန်းခုန်နေပြီး ခြေလက်တွေတုန်ယင်နေကာ မျက်လုံးတွေဝေဝေဝါးဝါးဖြစ်ခဲ့တဲ့ အချိန်ကိုပြန်တွေးနေမိတယ်၊

DITOEFVWhere stories live. Discover now