Chapter.76(U&Z)

673 120 0
                                    

Unicode.

ချွန်ထက်ပြီး သန်မာတဲ့မြားကို တားဆီးဖို့ရာ အဆောင်လက်ဖွဲ့ကသေးလွန်းနေခဲ့တယ်၊ကာကွယ်ရေးမန္တာန်က တကယ်အလုပ်ဖြစ်မဖြစ်တော့မသိပေမဲ့ အဆောင်လက်ဖွဲ့ရဲ့မူရင်းရွှေရောင်ကပျောက်သွားပြီး မည်းမှောင်သွားခဲ့တယ်၊ငါအဲ့တာကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးမေးလိုက်တယ်၊

'' ဒါ...အရှင့်သား ဒါကိုလွှတ်ပစ်လိုက်တာမဟုတ်ဘူးလား ''

သေချာပေါက်သူလွှတ်ပစ်လိုက်မယ်လို့ပဲ ထင်တာပေါ့၊သူကငါ့ကိုစချင်လို့ အဲ့တာကိုယူသွားတယ်လို့ ထင်လိုက်မိတာလေ၊အိမ်ရှေ့စံက စူးစမ်းလိုတဲ့အမူအယာနဲ့ မျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်တယ်၊

'' လွှတ်ပစ်ရမယ်...? တစ်ယောက်ယောက်က သူတို့ရဲ့စိတ်ခံစားချက်တွေကို တစ်ကြိမ်တစ်ခါဝေမျှဖူးတဲ့သူတွေကို အမှတ်မထားဘူးပဲ ''

' အဲ့လိုဆိုးရွားတာတွေပြောဖို့က... '

အဲ့အချိန်မှာပဲ၊ရှပ်~~~ဖျတ်~~

နောက်တစ်ကြိမ်၊မြားတစ်စင်းက မိုးစက်တွေကြား တစ်နေရာရာကနေ ဖြ​တ်ပြီးအိမ်ရှေ့စံရဲ့ခေါင်းပေါ်က သစ်ပင်ရဲ့အောက်ခြေနားမှာ လာစိုက်ပြန်တယ်၊

'' အားးး ''

တခဏအတွင်းဖြစ်သွားတဲ့ အ့ံအားသင့်စရာအဖြစ်ပျက်ကို ထိပ်လန့်သွားရတယ်၊တစ်ချိန်တည်းမှာပဲ အိမ်ရှေ့စံကသူ့နေရာကနေ ထရပ်လိုက်တယ်၊

'' ဘုရင်မကထပ်ပြီး နေလို့မကောင်းဘူးဖြစ်မယ်၊
ကဲပါ... မင်းသမီး ထတော့၊မင်းအဲ့တာကို ရှောင်ရမယ်လေ ''

'' ရှင်...? ''

သူက ငါ့ပုခုံးတွေကနေ အကြမ်းပတမ်းဆွဲထူလိုက်တယ်၊ငါအကုန်လုံးကို နားမလည်နိုင်တော့ဘူး၊သူယောင်ယမ်းပြီးပြောနေတယ်လို့တောင် ထင်နေမိတယ်၊

'' ကျွန်မက ဘာလို့လဲ ''

'' ဒါဆို ဒီမှာနေရင်းနဲ့ အပစ်ခံရပြီးသေချင်တာလား... ''

'' တကယ်လို့ အဲ့ဒါကဘုရင်မရဲ့လူတွေဆိုရင်တောင် သူတို့ကအရှင့်သားနောက်ကိုပဲလိုက်ကြမှာလေ၊အဲ့တော့ အရှင့်သားပဲတခြားကိုသွား... အာ့... ''

DITOEFVWhere stories live. Discover now