Chapter.5

1.6K 180 3
                                    

ရေချိုးခန်းကထွက်ထွက်ချင်းမှာဘဲ စာရွက်နဲ့ မှင်တံတို့ကိုရှာလိုက်တယ်...ငါကPenelopeဖြစ်လာပြီမလို့ အသက်ရှင်နိုင်မဲ့နည်းလမ်းတေွကို တွက်ချက်ထားမှဖြစ်မယ်...

ဒီ​Hard mood မှာက​ ဇာတ်ကောင်တစ်ယောက်စီရဲ့  စိတ်ဝင်စားမှု(interest) ကို​ မြှင့်ဖို့ခက်တယ်...
ပြီးတော့​... အနှုတ်ဘက်ကိုတစ်ခုကျသွားတာက သေဖို့ပိုနီးလာတာဖြစ်တယ်...
Duke ရဲ့​ဒုတိယသားမှာဆို​ပီုဆိုးတယ်...
သူ့ရဲ့interestက အနှုတ်ဖြစ်နေဆဲ ဖြစ်တဲ့အပြင်
သိပ်မကြာခင်အပေါင်းဘက်ကို ပြန်ရောက်အောင်မလုပ်နိုင်ရင် .... ငါသေလိမ့်မယ်....

ဒီgameနဲ့ပတ်သတ်တဲ့ တချို့အချက်အလက်တေွကိုစုဆောင်းဖို့လိုအပ်တယ်...

ကံကောင်းတာက... ဒီladyအတုအယောင်က အနည်းဆံုးတော့ Lady တစ်ယောက်​ စံစားရမဲ့တချို့ပစ္စည်းတေွ ပိုင်ဆိုင်နေသေးလို့...
အခန်စအကျယ်ကြီးထဲမှာ​ စာရေးစားပွဲတစ်ခုနဲ့  စာအုပ်စင်အကြီးကြီးတစ်ခုတော့ရှိနေခဲ့တယ်...
ချက်ချင်း​တုန့်ဆိုင်းမနေတော့ဘဲ  စားပွဲမှာနေရာယူလိုက်တယ်... ငှက်မေွးကလောင်တံရဲ့ အစွန်ဘက်ကို မှင်ထဲကိုနှစ်လိုက်တယ်....

*ဇာတ်ကောင်တေွကနေစရအောင်... *
Game ထဲမှာ​  အမျိုးသားဇာတ်ကောင်စုစုပေါင်း5ယောက်တောင်ရှိတယ်၊၊
Dukeရဲ့သားနှစ်ယောက်၊ အိမ်ရေှ့စံမင်းသား၊
မေှာ်ဆရာ​ နဲ့​ သူရဲကောင်း...

Hard mood မှာ​ ဇာတ်ကောင်အားလုံးက interest0% ဒါမှမဟုတ်ရင်(  minus )ကနေ​စပြီးတော့​  Normal moodမှာလို အားလုံးက30%နဲ့စတာမျိုးမဟုတ်တော့ဘူး...၊၊

စာရွက်အလွတ်ပေါ်မှာ ငါမှတ်မိသမျှချရေးဖို့  ကြိုးစားခဲ့တယ်...၊၊
1.Derrik Eckart.
Dukeရဲ့အကြီးဆုံးသား၊ ထုံးစံအရ မိသားစုရဲ့သခင်လေး​၊၊ သူကတကယ့်ကို ြငိမ်းချမ်းအေးဆေးတဲ့လူတစ်ယောက်ဖြစ်တယ်...၊၊

သူဟာ​ Penelope ကို​စိတ်မဝင်စားနိုင်လောက်အောင် နောက်ဖြစ်လာမဲ့  မိသားစုရဲ့ Duke နေရာအတွက် လိုအပ်တာတေွပြင်ဆင်ရတာနဲ့တင် အလုပ်များနေသူဖြစ်တယ်...

သို့ပေမဲ့  သူက​ သူရဲ့ညီမရင်းနေရာကို​ယူသွားခဲ့တဲ့ Penelope ကိုတော့​ အလွန်အထင်သေးရွံရှာပြီး  မုန်းတီးနေခဲ့တယ်...
Game​ထဲ​မှာတော့​ Penelopeကို ကိုယ်တိုင်သတ်တာမျိုးက အရမ်းရှားတယ်... ဒါပေမဲ့လည်း  သူမအရူပ်တေွလူပ်တိုင်း အပြစ်ပေးဖို့ကိုတော့ဘယ်တော့မှ မမေ့ခဲ့ဘူး...

DITOEFVWhere stories live. Discover now