Chapter .3

2.3K 206 2
                                    

"Lady... ထပါတော့..."

တစ်ယောက်ယောက်ကငါ့နားမှာတိုးတိုးလေးပြောနေတဲ့အသံကိုကြားနေရတယ်၊၊
ငါကမြန်မြန်အိပ်ပျော်တတ်ပေမဲ့ အရမ်းသေးတဲ့အရာတခုခုရှိနေတယ်ဆိုတာကတောင် ငါ့ကိုလန့်နိုးတဲ့အထိဖြစ်စေနိုင်တယ်၊၊
(အိပ်ရေးဆက်တာကိုပြောတာပါ)

ငါ့ကိုယ်ငါဘာဖြစ်နေမှန်းယုံကြည်ဖို့က တညလုံးအိပ်မပျော်နိုင်ဖြစ်စေခဲ့ပြီး​  ဒါတေွအားလုံးအိမ်မက်ဖြစ်သွားဖို့ကိုဘဲဆုတောင်းနေမိတယ်...
ဒီအိမ်မက်ကနေနိုးထဖို့အရမ်းခက်ခဲနေခဲ့ပြီး
ဒီအိမ်မက်မက်နေတုန်းမှာဘဲ ငါအိပ်ပျော်ခဲ့တယ်လို့ထင်တယ်၊...

"Lady..."

သတိထားပြီးခေါ်နေတဲ့အသံတစ်ခုကိုထပ်ကြားရပြန်တယ်...
ငါ့ကိုခေါ်နေတာလား???
မျက်လုံးပြာနှစ်ယောက်က အရင်တည်းကထွက်သွားတာ​... ငါမှတ်မိသလောက်ဆိုရင်... ငါနိုးထခဲ့တဲ့နောက်ဆံုးအချိန်ထိ အခန်းထဲမှာငါကလွဲပြီး ဘယ်သူမှရှိမနေပါဘူး...
ဒါဆို​ Ladyဆိုတာငါ့ကိုခေါ်နေတာဖြစ်မယ်...

ငါအတေွးများပြီး အိပ်ချင်မူးတူးဖြစ်နေတာကြောင့် ခေါ်သံကိုပြန်မထူးမိခဲ့ဘူး...
ခဏအကြာမှာတော့ ငါ့ရဲ့အနောက်ကနေ တရွှမ်းရွှမ်းမြည်တဲ့အသံကိုကြားလိုက်ရတယ်...

ငါအိပ်ရာကနေချက်ချင်းထလိုက်တယ်၊၊ ငါ့ရဲ့အားတေွအကုန်လုံးကို ငါ့ခန္ဓာကိုယ်ကိုမဖို့အတွက်သုံးလိုက်တယ်... နှစ်သိမ့်တဲ့အနေနဲ့ ငါ့လက်ဖျံကနေ
လျှပ်စီးနဲ့တူတဲ့နာကျင်မှုကိုခံစားလိုက်ရတယ်...

"အ..."
ငါ့​မျက်လုံး​တေွ​အလျင်အမြန်ဘဲပွင့်သွားတော့တယ်
ငါကစားပွဲအပြီးမှာထအော်မိသလို အော်လိုက်ပြီး နှစ်သိမ့်မှုဆိုတာကြီးကိုမေ့လိုက်တယ် ပြီးတော့​ငါ့ရဲ့အကင်္ျီလက်ကိုကြည့်လိုက်တယ်... ငါ့လက်ဖျံဘာဖြစ်တာလဲဆိုတာစစ်ဆေးဖို့အတွက်လေ...

"ဟမ်... ဒါတေွက..."

မိုးပြာရောင်ညအိပ်ဝတ်စုံရဲ့ အကင်္ျီလက်အောက်က အသားကိုတေွ့ရတဲ့အခါ...
ငါ့မေးရိုးတေွပြုတ်ကျမတက်ကို ရေှာ့ဖြစ်သွားခဲ့တယ်၊၊
သေးသွယ်တဲ့လက်ဖျံလေးက​ အပ်ကြောင့်ဖြစ်တဲ့ အပြာရောင်အမာရွတ်တေွနဲ့အပြည့်ဖြစ်နေတယ်...
ဒါကလူတစ်ယောက်ရဲ့အရေပြားနဲ့မတူဘဲ အထည်တစ်စလိုဖြစ်နေပြီး အပ်ပေါက်ရာအချို့ကိုတောင်မြင်နေရတယ်...ငါ့ရဲ့လက်ဖျံကနေသေွးတစ်စက်ကျလာတာကိုကြည့်ရင်း  ငါဆက်ပြီးရေှာ့ဖြစ်နေခဲ့တယ်

DITOEFVWhere stories live. Discover now