"Derrick..."
ငါ့ကိုဆူဖို့ပြင်နေတဲ့ Derrickကို Dukeကတားလိုက်တယ်၊
"မင်းဘာလုပ်တာလဲ... ငါသူမကိုစကားပြောနေတုန်း တံခါးမခေါက်ဘဲ ဗြုန်းစားကြီးဝင်လာတာကအရမ်းရိုင်းလွန်းတယ်..."
Derrickရဲ့မျက်လုံးတေွက စက္ကန့်ပိုင်းအတွင်းတုန်လှုပ်နေခဲ့တယ်၊ သူကသူ့ရဲ့ပခုံးတေွကိုဖြေလျော့လိုက်ပြီးအနည်းငယ်နောက်ဆုတ်လိုက်တယ်၊ အဲ့နောက်Dukeကိုအရိုသေပေးလိုက်တယ်၊
"ကျွန်တော်တောင်းပန်ပါတယ်... အဖေ... "
ငါ့ရဲ့ပုခုံးတေွနည်းနည်း နာကျင်နေတယ်၊ ငါDerrickကိုကြည့်နေရင်း ပုခုံးတစ်ဖက်ကို ငါ့ရဲ့လက်နဲ့ပွတ်တိုက်နေမိတယ်၊
'ဘာလဲ... ဘာလို့သူကထွက်မသွားသေးတာလဲ...'
Derrickက စားပွဲနားမှာရပ်လိုက်ပြီး မြင်သာလောက်တဲ့နေရာကနေ ငါ့ကိုစိုက်ကြည့်နေခဲ့တယ်၊
အဲ့ဒါကDukeနဲ့တူတူဘဲ၊ နှစ်ယာက်လုံးကငါပြောလာမဲ့စကားကို နားထောင်နေကြတယ်၊'ဟူး... အခုငါဖြေရှင်းရမဲ့လူတစ်ယောက်ထပ်တိုးလာခဲ့ပြီ...'
ငါစိတ်ထဲကနေသက်ပြင်းချလိုက်တယ်၊
"အဟင်း... ကောင်းပြီ...မင်းပင်ပန်းနေမယ်လို့ငါထင်တယ်"
Dukeကသူ့ရဲ့လည်ချောင်းကိုရှင်းပြီးမှပြောလိုက်တယ်၊ကံကောင်းစွာနဲ့ဘဲ ငါကြိုတင်စဥ်းစားထားတဲ့ဆင်ခြေကသူ့အတွက် လုံလောက်သွားတဲ့ပုံဘဲ၊
ဒါပေမဲ့သူ့ရဲ့မေးခွန်းတေွကဒီမှာရပ်မသွားခဲ့ဘူး၊
"ဒါပေမဲ့ တကယ်လို့အဲ့လိုဖြစ်ခဲ့တယ်ဆိုလည်း မင်းသူ့ကိုဝယ်ပြီးတာနဲ့လွှတ်ပေးလိုက်လို့ရတာဘဲလေ၊ ဘာလို့သူ့ကိုဒီကိုခေါ်လာခဲ့တာလဲ..."
"အဖေ... Ecliseက လက်ရုံးရည်မှာပါရမီပါတယ်၊အဲ့ဒါကြောင့်သူ့ကို အသုံးချလို့ရအောင်ခေါ်လာခဲ့တာ"
ငါပြင်ဆင်ထားတဲ့ဆင်ခြေတေွအားလုံးကို တဆက်တည်းပြောလိုက်တယ်၊
"Ecliseကိုသူရဲကောင်းအဖြစ်လေ့ကျင့်ပေးဖို့ကို အဖေလက်ခံဖို့ဆန္ဒရှိပါတယ်၊ သူကအတော်လေးအသုံးဝင်မဲ့ပုံပါဘဲ... "
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...