Chapter.67(U&Z)

774 132 1
                                    

Unicode.

'' ရှင်... ''

Duke ရဲ့တဲထဲမှာ မနက်စာအတွက် ငါတို့စုဝေးနေကြတာဖြစ်တယ်၊

စုံစမ်းစစ်ဆေးရေးကနေ မနက်နောက်ကျတဲ့အချိန်မှ ြပန်လာတဲ့​Dukeေြကာင့် ငါ့မျက်နှာပျက်ယွင်းသွားရတယ်၊

'' ဘာ...၊ ဘာလို့လဲ​... မနေ့ကမှပြသနာတွေဖြစ်ခဲ့တာလေ၊အဲ့တာကိုဘာလို့ဒီနေ့ဆက်လုပ်နေရသေးတာလဲ... ''

'' လူသေတွေကဒီမှာမဟုတ်ဘူးပြီးတော့ တခြားနိုင်ငံကလူတွေရှိနေတာကို အင်ပါယာကဘယ်လိုလုပ်ပြီးပြိုင်ပွဲကို ဖျက်သိမ်းနိုင်မှာလဲ...  ''

Derrickက တဲ့တိုးပြန်ဖြေလာခဲ့တယ်၊

' မကောင်းဆိုးဝါးနဲ့သားရဲတွေ ပေါ်လာပြီး ပြေးလွှားနေတဲ့အချိန်မှာတောင် အင်ပါယာရဲ့သိက္ခာကဘာတွေများအရေးကြီးနေရတာလဲ '

ငါမှင်တက်သွားတာကြောင့် နှုတ်ခမ်းကပါမဲ့ရွဲ့သွားရတယ်၊

'' အဲ့တာကောင်းတာပဲ၊ငါတို့ဘာမှမလုပ်ပဲ ကျောခိုင်းထားလိုက်ရင် ငါတို့ပါအထင်သေးခံလိုက်ရလိမ့်မယ်... ''

Duke ကအလေးနက်ထားပြီး ခေါင်းငြိမ့်ထောက်ခံလိုက်တယ်၊

' အာ...ဒါကငါတွေးထားသလိုမျိုးမဟုတ်ဘူး '

ငါကဒီမှာတစ်ညအိပ်ပြီး မနက်ပြန်ရမယ်လို့တွေးထားခဲ့တာ ဒါပေမဲ့ ဒီသောက်ကျိုးနည်းအမဲလိုက်ပွဲကို ဆက်လုပ်လိမ့်မယ်လို့တကယ်ကြီးမသိခဲ့ဘူး၊

ငါ့ရဲ့နှုတ်ခမ်းကိုဖိကိုက်လိုက်တော့မှ အကြံတစ်ခုရလာခဲ့တယ်၊

'' ကျွန်မနေလို့မကောင်းလို့ အမဲလိုက်ပွဲကိုသွားနိုင်မယ်မထင်ဘူး ''

'' ဟုတ်တယ်၊မင်း မနေ့ကအ​ေတာ်လေးပင်ပန်းခဲ့တယ်... ''

ကံကောင်းချင်တော့ Duke ကဝမ်းသာအားရထောက်ခံပေးတယ်၊

'' ဒီလိုအခြေနေမျိုးမှာ Penelope မင်းလူကြားထဲနေရာသစ်တစ်ခုရအောင် လုပ်သင့်တယ်၊
မနက်တုန်းကCountness Dorteaကသူမရဲ့အစေခံကိုပို့လိုက်တယ် ''

'' ဘာ...Countness... ''

'' သူမကမင်းကို အကြိုဖွင့်ပွဲက လက်ဖက်ရည်ပါတီကိုလာစေချင်နေတယ် ''

DITOEFVWhere stories live. Discover now