Chapter.61(U&Z)

757 145 8
                                    

Unicode.

' ဘာကြီးလဲ '

ရုတ်တရက်ပေါ်လာတဲ့အဖြူရောင်ကားချပ်ကြောင့် အ့ံအားသင့်သွားရတယ်၊

ငါကNormal Moodမှာအမဲလိုက်ပြိုင်ပွဲကို မတက်ရောက်ခဲ့ရတာမလို့ ဒီမစ်ရှင်နဲ့ပတ်သတ်ပြီး တွေးထားတာမရှိဘူး၊

ငါစဥ်းစားတွေးတောနေတုန်း အဖြူရောင်ကားချပ်ပေါ်မှာ စာလုံးတွေထပ်တိုးလာခဲ့တယ်၊

အဲ့တာကအဓိကလုပ်ဆောက်ချက်ဖြစ်နေတာကြောင့် ၅မိနစ်အတွင်းအလိုအလျောက် လက်ခံပြီးသားဖြစ်သွားလိမ့်မယ်၊

5

4

3

ခပ်မြန်မြန်ကျဆင်းလာတဲ့ နံပါတ်စဥ်ရေတွက်မှုကြောင့် ငါထပ်မတွေးတော့ပဲ ငြင်းပယ်တဲ့ခလုတ်ကိုနှိပ်လိုက်တယ်၊

အဖြူရောင်ကားချက်က ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်၊အဲ့ဒီ့အစား ...

" မတွေ့တာကြာပြီနော် မင်းသမီး... "

အနီရောင်မျက်ဝန်းတွေက နေရာယူလာခဲ့တယ်၊

' အရူး '

ငါအလိုလိုအော်ဟစ်လုနီးပါးဖြစ်သွားတာကို မျိုသိပ်ထားနိုင်လိုက်တယ်၊

' ဒီကမ္ဘာမှာ ဘယ်နေရာများ '

ငါအိမ်ရှေ့စံဆီက အကြည့်လွှဲပြီး systemကိုစစ်ဆေးနေတာအချိန်ခဏလေးပဲရှိသေးတယ်၊

သူကအရိပ်ယောင်တောင်မပြပဲ ရောက်လာခဲ့တယ်၊

အိမ်ရှေ့စံက သူ့ရဲ့ကိုယ်တစ်ပိုင်းကိုမှီရင်း စားပွဲမှာလက်တွေထောက်ထားပြီး သူ့ရဲ့သားကောင်ကိုကြည့်နေတဲ့ လူမဆန်တဲ့အကြည့်တွေနဲ့အတူ ငါ့ကိုပြုံးပြနေခဲ့တယ်၊

ဖြူဖွေးနေတဲ့သွားတန်းတွေက အနီရောင်နှုတ်ခမ်းကြားကနေ ထွက်ပေါ်နေခဲ့တယ်၊

ဒီမြင်ကွင်းက ပိုကြောက်ဖို့ကောင်းနေပြီး ငါ့ကိုမွန်းကြပ်လာစေတယ်၊

'' ကျမ....အင်ပါယာရဲ့နေမင်းငယ်နဲ့တွေ့ဆုံပါတယ် ''

ငါ့ရဲ့တုန်ယင်နေတဲ့အသံကို ဖျစ်ညှစ်ပြီးထုတ်လိုက်တယ်၊

''မင်းရဲ့မျက်နှာလေးကို တွေ့ဖို့ခက်တာပဲ ''

'' ...... ''

DITOEFVWhere stories live. Discover now