Chapter.68(U&Z)

639 117 4
                                    

Unicode.

'' Duke မတွေ့ရတာကြာပြီနော်... ''

'' အာ...Marquis Verdandi မတွေ့ရတာကြာပြီ... ''

သူကမြင်းကိုစီးရင်း သူ့ဘေးကDukeကိုသိချင်ယောင်ဆောင်နေခဲ့တယ်၊

'' ဒါကမင်းရဲ့ပထမဆုံးအမဲလိုက်ပြိုင်ပွဲဖြစ်လုနီးပါးပဲမလား၊မကြာမကြာထွက်လာစမ်းပါ၊ငါမင်းရဲ့မျက်နှာကိုတောင်မေ့သွားတော့မယ်... ''

''ဟားဟား အမဲလိုက်တာကကျွန်တော်နဲ့အဆင်မပြေပါဘူးဗျာ... ''

'' မင်းစလိုက်တာနဲ့ ပိုကောင်းတာတွေရသွားမှာပါ ''

Dukeကဖော်ရွေတဲ့ Marquisကိုသဘောကျနေခဲ့တယ်၊

သူကသူ့ရဲ့အဖေကိုဆုံးရှုံးလိုက်ရပြီး ခေါင်းဆောင်ဖြစ်လာတယ်ဆိုပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့တောင် သူ့မှာဦး​​​ေဆာင်နိုင်တဲ့အရည်အချင်းတွေရှိတယ်၊

' အခုသူက သူ့နားမှာရပ်တည်နိုင်တဲ့အမျိုးသမီးတစ်ယောက်ရှိရင် ပြည့်စုံနေပြီ... '

ငယ်ရွယ်တဲ့ Marquis ကလက်မထပ်ရသေးတာကြောင့် သူ့ကို့သ​ဘောတကျဆက်ဆံတဲ့ မင်းမျိုးမင်းနွယ်တွေအများကြီးရှိလေတယ်၊

အရင်မျိုးဆက်တွေနဲ့အနေနီးတဲ့ Dukeအနေနဲ့ နှစ်အတော်ကြာထိလစ်လပ်နေတဲ့မိသားစုတွေကို ကြည့်ရတာက စိတ်သောကရောက်စရာပဲ၊

'' မင်း မိန်းမပျိုလေးတွေဆီကလက်ဆောင်တွေမရဘူးလား... ''

'' ဖြစ်နိုင်တာက ကျွန်တော်အကြာကြီးထွက်သွားခဲ့လို့ဖြစ်မယ်၊ဒါပေမဲ့ ကံမကောင်းချင်တော့ ကျွန်တော့်အတွက်ဝေစုရယ်လို့မရှိဘူးလေ... ''

Buinterကနေရခက်တဲ့အပြုံးနဲ့ပြန်ပြောလိုက်တယ်၊

မနက်အစောကြီးကတည်းက စခန်းချတဲ့နေရာနားမှာခြေချင်စလိမ်နေကြတဲ့ အစေခံတွေသာကြားရင် ပေါက်ကွဲနေတော့မှာပဲ...

သူ(Buinter ) လက်ဆောင်အားလုံးကို အကြောင်းပြချက်တစ်ခုတောင်မပေးပဲနဲ့ငြင်းလိုက်တယ်ဆိုတာကို မသိဘဲ Dukeကစိတ်မကောင်းဖြစ်သွားပြီး သူ့ရဲ့လျှာကိုပါးစောင်အတွင်းထည့်လိုက်တယ်၊

'' အင်း... မင်းကငါ့သားလိုပါပဲ၊မင်းလက်ထပ်ပြီးမိသားစုတစ်ခုထူထောင်သင့်နေပြီ ''

DITOEFVWhere stories live. Discover now