Chapter.62(U&Z)

728 132 2
                                    

Unicode.

'' ဘာ..ဘာရယ်... ''

ငါသတိမထားမိဘဲအကျယ်ကြီး အော်မိလိုက်တာကြောင့် ကသိကအောက်ဖြစ်သွားခဲ့တယ်၊ဒါပေမဲ့ ငါမြန်မြန်ပဲပါးစပ်ကိုပိတ်လိုက်တယ်၊

' နင်ကသာ သူ့ဘာသူအေးဆေးနေနေတဲ့လူကို လာထိတာလေ... '

အိမ်ရှေ့စံရဲ့အဖြေကိုကြားလိုက်တာနဲ့ Derrickရဲ့ခေါင်းကငါ့ဘက်ကိုချက်ချင်းလှည့်လာခဲတယ်၊

ဒီချိန်မှာ​ေတာ့အေးစက်စက်အပြာရောင်မျက်ဝန်းတွေက ငါ့ကိုဖမ်းချုပ်ထားခဲ့တယ်၊

ရူတ်တရက်သူ့ရဲ့ခေါင်းပေါ်က လင်းလက်လာပြီး

Interest.-1%

[ Interest.25% ]

လျော့ကျသွားတဲ့Interestကြောင့် အဆင်မပြေဖြစ်သွားရတယ်၊ငါ့ရဲ့ခေါင်းကိုအသည်းသန်ခါလိုက်ပြီး သန်မာတဲ့အကြည့်တွေနဲ့ပြောလိုက်တယ်၊

' နိုး...ဟင့်အင်းနော်၊ငါဘာမှမလုပ်ဘူး... '

''' အဲ့တာကထောင်ထဲရောက်ရုံနဲ့ပြီးသွားမှာမဟုတ်ဘူး '''လို့ပြောခဲ့တဲ့ သတိပေးစကားတွေကို နားထဲမှာအတိုင်းသားကြားယောင်လာမိ​ေတာ့တယ်၊

Derrick ကငါ့ကိုသိသိသာသာစိုက်ကြည့်နေရင်း ငါခေါင်းခါတာမြင်တော့မှ ငါတစ်ယောက်တည်းကြားလိုက်ရတဲ့သက်ပြင်းယဲ့ယဲ့နဲ့အတူ အရှေ့ကိုပြန်လှည့်သွားခဲ့တယ်၊

'' ကျွန်တော်မျိုးရဲ့ညီမက စိတ်ဖောက်ပြန်နေတဲ့အနေထားမျိုးမှာပဲရှိပါသေးတယ်၊များမကြာခင် သူမအိပ်ရာကနေနိုးသွားပါလိမ့်မယ် အရှင့်သား... ''

'' ........ ''

'' သူမဘာမကောင်းတွေလုပ်ခဲ့လဲမသိပေမဲ့ ကျေးဇူးပြုပြီးအရှင့်သားရဲ့ကြီးမြတ်လှတဲ့စိတ်ထားကိုပြသပေးပါ... ''

'' မင်းသမီးက ကိုယ်တော့ကိုလှည့်စားခဲ့တယ်... ''

'' လှည့်စားတယ်... ''

ငါပါးစပ်အဟောင်းသားဖြစ်သွားရတယ်၊ငါနဲ့ပတ်သတ်တဲ့ဇာတ်ကြောင်းက ငါတောင်မသိတဲ့သူ့ပါးစပ်ကနေဒီတိုင်းထွက်လာတဲ့အရာဖြစ်နေတယ်၊

'' သူမက သူမရဲ့သိုဝှက်ထားတဲ့ကတိတွေကို မတည်ခဲ့ဘူး၊ပြီးတော့ သူမကတုန့်ဆိုင်းမနေပဲ ကိုယ်တော့်ရဲ့စိတ်ကိုနင်းချေပြီး ကစားခဲ့တယ်... ''

DITOEFVWhere stories live. Discover now