Chapter.77(U&Z)

662 123 2
                                    

Unicode.

ထန်းးးထန်းးထန်းးး~~

အိမ်ရှေ့စံရဲ့ကာကွယ်မှုတွေကြားကနေ ဒူးလေးကိုထိပ်ထိပ်ပျာပျာ ပစ်ခတ်နေမိတယ်၊လုပ်ကြံသူတွေက ကြီးမားပြီးနှေးကွေးတဲ့ သားရဲတွေနဲ့ အများကြီးကွာခြားမှုရှိတယ်၊သို့ပေမဲ့လည်း ဂိမ်းSystemရဲ့အစွမ်းက ဒူးလေးပစ်တဲ့စွမ်းရည်ကို အမြင့်ဆုံးဖြစ်နေစေခဲ့တယ်၊

မှော်ပုတီးစေ့တွေရဲ့အရေအတွက်က တဖြည်းဖြည်းနဲ့ပိုပြီးလျော့လာလေလေ လုပ်ကြံသူအရေအတွက်ကလည်း ပိုလျာ့လာလေဖြစ်တယ်၊အခုဆို လေးယောက်ပဲကျန်တော့တယ်၊

( 16/20 )

ထန်းးးး~~~

'' မင်းသမီး...ကိုယ်တို့ ဘယ်နှစ်ယောက်ကျန်နေသေးတာလဲ... ''

အိမ်ရှေ့စံကမမျှော်လင့်ပဲ မေးလာခဲ့တယ်၊တစ်ယောက်ကိုထိမိသွားတဲ့အချိန် ငါခဏလောက်နားမိလိုက်တယ်၊

'' သုံးယောက်လောက်ကျန်ဦးမယ်ထင်တယ်၊ဘာဖြစ်လို့လဲ... ''

'' လမ်းဆုံးကိုရောက်နေပြီ... ''

'' ဟီးးးဟီ... ''

အဲ့အချိန်မှာပဲ မရပ်မနားပြေးလွှားနေခဲ့တဲ့ မြင်းဟာရုတ်တရက်ကြီး ရပ်သွားခဲ့တယ်၊
ငါမျက်စိကစားပြီး ဘေးပတ်ဝန်းကျင်ကိုစူးစမ်းလိုက်တဲ့အခါ အဲ့မှာကျဉ်းမြောင်းတဲ့ ချောက်ကမ်းပါးကြီးရှိနေခဲ့တယ်၊ဘာမှမပြောပဲနေလိုက်ဖို့က ခက်ခဲလွန်းတယ်၊

'' သူတို့ရဲ့လေးတွေနဲ့ အနီးကပစ်ဖို့က သူတို့အတွက်အခက်ခဲရှိလိမ့်မယ်၊ဆို​တော့ ကိုယ်တို့ဆင်းပြီးဖယ်ရှားလိုက်တာက ပိုကောင်းလိမ့်မယ် ''

အိမ်ရှေ့စံကငါ့ကို ချီပိုးရင်းနဲ့ ရေရွတ်နေခဲ့ပြီး မြင်းပေါ်ကနေဆင်းလိုက်တယ်၊​ပြီး​ေတာ့ငါလည်းပဲခုန်ဆင်းလိုက်ရတယ်၊

System ကခဏတဖြုတ်လွှတ်ပေးလိုက်သလိုမျိုး လုပ်ကြံသူတွေရဲ့အရိပ်​ယောင်ကို မတွေ့ရဘူး၊ဒါပေမဲ့ လူသုံးယောက်ကျန်နေသေးတာကြောင့် ဒူးလေးကိုအနီးကပ်ထားလိုက်ပြီး ဆန့်ကျင်ဘက်နေရာတွေကို စောင့်ကြည့်နေလိုက်တယ်၊

'' အန္တရာယ်များတယ်၊အနောက်မှာပဲနေ ''

အိမ်ရှေ့စံကပြောပြီးတာနဲ့ ငါ့ရှေ့ကနေပိတ်ရပ်လိုက်တယ်၊အဲ့တာကဇာတ်လိုက်တစ်ယောက်ဆီက မမျှော်လင့်ထားတဲ့စကားပဲ၊

DITOEFVWhere stories live. Discover now