Chapter.57(U&Z)

803 147 1
                                    

Unicode.

ေသာက်ကျိုးနည်း အမဲလိုက်ပွဲနေ့ရောက်လာခဲ့ပြီ၊

အစေခံတွေကြောင့် ငါမနက်အာရုဏ်တက်ကတည်းကနိုးနေခဲ့တယ် ပြီးတော့ အညစ်ကြေးတွေသန့်စင်ပြီးတိုက်ချွတ်တာကိုအာရုံစိုက်နေရတယ်၊

အဲ့တာကနန်းတော်ထဲက အမဲလိုက်ကွင်းပြင်မှာလုပ်မဲ့ အကြိုပွဲတော်ကြောင့်ဖြစ်တယ်၊တော်ဝင်မျိုးနွယ်တွေနဲ့ တခြားနိုင်ငံကမင်းမျိုးမင်းနွယ်တွေပါ ပါဝင်ဆင်နွဲဲကမှာဖြစ်လို့ တခြားပွဲတွေထက်ပိုပြီး ကြီးကျယ်ခမိးနားနိုင်တယ်၊

ရေစိုနေတဲ့ငါ့ရဲ့ဆံပင်တွေကို အစေခံတွေဆီအပ်ထားလိုက်တယ်၊ဒုတိယအကြိမ် အဆီလိုတစ်ခုခုကိုလိမ်းပေးလာတဲ့အခါမှာတော့ ငါ့ရဲ့အိပ်ချင်နေတဲ့မျက်လုံးတွေနဲ့အတူ ညည်းညူလိုက်တယ်

'' ငါဘာလို့ဒါတွေလုပ်ဖို့လိုနေသေးတာလဲ၊ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်အမဲလိုက်ရတော့မှာကို ငါ့ဆံပင်ကိုမြင့်မြင့်စည်းပြီး ဘောင်းဘီပဲဝတ်သွားလိုက်တော့မယ် ''

'' အဲ့တာကြောင့် ဒီ​ေန့သခင်မလေးကသူများထက်ပိုလှအောင်ဝတ်စားသွားရမှာပေါ့ ပြီးတော့ ယောကျာ်းတွေကိုအဖမ်းစားနိုင်ဆုံးဖြစ်နေရမယ် ''

Emily ကသွက်သွက်လက်လက်နဲ့ပြန်ဖြေလိုက်တယ်
အဲ့နောက် မနက်အစောကြီးကတည်းက ငါ့အခန်းကိုဝင်စီးထားတဲ့အစေခံတွေကပါတုန့်ပြန်လာခဲ့တယ်၊

'' ဟုတ်တယ်သခင်မလေးရဲ့ ''

'' ဒီတစ်ခါ အမဲလိုက်ပွဲတော်ရဲ့အလှဘုရင်မက သခင်မလေးပဲ​ြဖစ်လိမ့်မယ် ''

'' အမှန်ပဲ ... အရင်နှစ်တုန်းက Miss Kellin ကပထမနေရာကိုရသွားတော့ သူ့ကလေးတွေက သူမအတွက်ဂုဏ်ယူမဆုံး....  ''

နောက်ဆုံး... ရောက်တက်ရာရာပြောနေတဲ့အစေခံက ရုတ်တရက်သူ့ပါးစပ်ကိုပိတ်လိုက်တယ်၊Emilyကစိုက်ကြည့်လိုက်တယ်၊စိုက်ကြည့်နေတဲ့သူ့အကြည့်တွေက မှန်ပေါ်မှာရောင်ပြန်ဟပ်နေခဲ့တယ်၊

အခန်းထဲကလေထုက လျင်လျင်မြန်မြန်ပဲလျော့ကျသွားတော့တယ်၊အခု သူမကသူမသခင်ရဲ့မကောင်းတဲ့မှတ်တမ်းတွေအကြောင်းကိုပြောလိုက်မိတာကြောင့် ငါသူမအပေါ်စိတ်ကုန်သွားမှာစိုးရိမ်နေပုံရတယ်၊

DITOEFVWhere stories live. Discover now