Chapter.60(U&Z)

748 136 4
                                    

Unicode.

ငါတခစ်ခစ်ရယ်နေတဲ့အချိန် ညာဘက်ကနေရာလွတ်မှာတစ်ယောက်ယောက်ကထိုင်လိုက်တယ်၊ငါအဲ့တာကို ခံစားလို့ရတယ်...

'' မင်းကိုယ်တိုင်ကောင်းကောင်းနေ... ''

သူ့ရဲ့အေးစက်စက်လေသံအတိုင်း သူ့ရဲ့ခေါင်းကိုလှည့်လိုက်တယ်၊ငါမသိခင် Derrickကငါ့ဘေးကနေရာကိုယူလိုက်ပြီး ငါတစ်ယောက်တည်းကြားနိုင်လောက်တဲ့အသံနဲ့ အသံတိုးတိုးနဲ့ပြောသွားခဲ့တယ်၊

'' တကယ်လို့ မင်း မိသားစုသိက္ခာကျအောင်လုပ်ခဲ့ရင် အဲ့တာကထောင်ထဲမှာတင်အဆုံးသတ်သွားမှာမဟုတ်ဘူး ''

Dukeကလမ်းကိုဖြတ်ပြီးထိုင်လိုက်တာကြောင့် Eckartအိမ်တော်ကမိသားစုဝင်အားလုံးထိုင်ပြီးကြပြီ
ရလာဒ်အနေနဲ့ ငါ့ကိုမုန်းနေတဲ့လူနှစ်ယောက်ကြားမှာ ပိတ်မိနေခဲ့တယ်၊

' ဘာလို့များလဲ '

မမျှော်လင့်ထားတဲ့အခြေနေကြောင့် ရှက်ရွံ့နေမိတယ်၊ငါဘေးဘီကိုလှည့်ကြည့်လိုက်တယ်၊၊

' ဘာလို့ ဘယ်မှာရော ညာမှာရောလဲ '

သူတို့နှစ်ယောက်ဘေးမှာရှိနေတာကြောင့် အိမ်ရှေ့စံကငါ့ကိုသတ်မှာတော့မဟုတ်ဘူး၊ဒါပေမဲ့ ငါပျော်မနေဘူးလေ...

ဒူးလေးတင်မကဘူး ခက်ရင်းတွေ ဓားတွေ​ြပီးတော့ အမဲလိုက်ပွဲမှာသုံးတဲ့ အသွားနှစ်ဖက်နဲ့ဓားတွေရှိတဲ့ အမျိုးသားတွေရှိနေတယ်၊ငါ့ကိုဒီတိုင်းလေး​သေသွားစေနိုင်တဲ့ အန္တရာယ်ရှိတဲ့အရာအားလုံးဒီနေရာမှာရှိနေတယ်၊

ဒီမကောင်းတဲ့ကောင်တွေ နှစ်ဖက်လုံးမှာရှိနေတာကို ငါမယုံနိုင်ဘူး၊

' မကောင်းတော့ဘူး '

အစကတည်းက စိတ်တထင့်ထင့်ဖြစ်နေတာတွေက ခြေကျင်းဝတ်ကနေတက်လာခဲ့တယ်၊

'' အိမ်ရှေ့စံဝင်ရောက်လာပါပြီ ''

မကောင်းတဲ့ခံစားချက်က တကယ်ရောက်လာခဲ့ပြီ၊
ငါ့ရဲ့မျက်လုံးတွေကို အသံလာရာဆီလှည့်လိုက်တယ်၊အနီရောင်ကော်ဇောအလာ်ကနေ ကြီးမားတဲ့ကိုယ်ဟန်တစ်ခု အလျှင်အမြန်လျှောက်လာတာကိုတွေ့လိုက်ရတယ်၊

DITOEFVWhere stories live. Discover now