Chapter.15

1.2K 187 4
                                    

ငါ့ရဲ့လည်ပင်းကို လက်ကိုင်ပုဝါနဲ့ဖိထားရင်း ကပွဲခမ်းမရဲ့တံခါးနားကိုရောက်တဲ့အခါမှာတော့ ဒဏ်ရာကသေွးတိတ်နေခဲ့ပြီ၊

Buinter​ကမေှာ်တစ်ခုခုကို လှျို့ဝှက်ပြီးလုပ်ခဲ့ရင်တောင်မှ ဘယ်သူကမှသူ့ကိုမှော်ဆရာလို့ထင်ကြမှာမဟုတ်ဘူး၊

ခန်းမထဲဝင်ခါနီးမှာ ကို့ကိုယ်ကိုပြန်ကြည့်ရင်း တွန့်ဆုတ်နေမိတယ်၊ ငါမထင်ထားခဲ့ဘူး ခုလိုအရောင်မှုိင်းတဲ့ဝတ်စုံကိုဝတ်လာမိတာက ဒီနေ့အတွက်အရမ်းအထောက်အကူဖြစ်လိမ့်မယ်လို့လေ၊ ဝတ်ထားတဲ့ဝတ်စုံပေါ်ကသေွးစွန်းကွက်က​ ဝတ်စုံရဲ့အရောင်ရင့်ရင့်ကြောင့် တော်ရုံမြင်ဖို့မလွယ်ဘူး၊ အဲ့တာကိုဘဲကေျးဇူးတင်ရမယ်၊ ငါဝင်သွားတဲ့အချိန်မှာ ငါ့ရဲ့ဆံပင်ပုံကသာနည်းနည်းဘဲပျက်နေခဲ့တယ်၊

Derrickကိုရှာရတာအရမ်းကိုလွယ်လွန်းတယ်၊
ငါတို့သခင်လေးရဲ့ အေးစက်စက်အရှိန်အဝါတေွက သားကောင်တေွကိုဆွဲဆောင်နိုင်ပြီး လူတေွဝိုင်းနေတာတောင်တစ်ယောက်တည်းထင်းထွက်နေတယ်လေ၊

'သူကဘာပြသနာမှမလုပ်ဘဲငြိမ်ငြိမ်နေဖို့ပြောခဲ့တာ ငါ့လည်ပင်းကဓားရာကိုတေွ့ရင်​တစ်ခုခုပြောလောက်တယ်၊'

Drrrickကိုအသိပေးဖို့​ကိုဘဲ အာရုံစိုက်ပြီးတေွးနေမိတာမလို့​ တော်ဝင်ခန်းမကိုရောက်တဲ့အခါ ငါ့ကိုကြည့်နေကြတဲ့လူတချို့ရဲ့အကြည့်တေွကိုသတိမထားမိခဲ့ဘူး၊ ငါ့ရဲ့ဝတ်စုံကအဆင်ပြေနေပေမဲ့ ငါကအဆင်မပြေဖြစ်နေတာကိုသတိမထားမိခဲ့ဘူး၊

"အစ်ကိုကြီး..."

ငါသူ့ကိုတိုးတိုးလေးခေါ်လိုက်တယ်၊

ဒီလူအများကြီးကြားမှာ လေသံလောက်ဘဲရှိတဲ့ အသံတိုးတိုးလေးကို သူကကြားသွားပြိး ချက်ချင်ူလှည့်ကြည့်လာခဲ့တယ်၊ ကံကောင်းပေလို့၊

"ကျမခုပြန်မှဖြစ်မယ်ထင်တယ်၊ သိပ်ပြီးနေလို့အဆင်မပြေလို့...."

Derrick ရဲ့အပြာရောင်မျက်လုံးတေွကဝိုင်းစက်သွားတော့တယ်၊ သူ့ရဲ့ညီမငယ်လေးက ဖြူဖျော့နေပြီး သေွးစိုနေတဲ့လက်ကိုင်ပုဝါဖျော့ဖျော့ကလည်း သူမရဲ့လည်ပင်းမှာရှိနေခဲ့တယ်....

DITOEFVWhere stories live. Discover now