Chapter.42(U&Z)

885 156 4
                                    

unicode.

'' ငါက တကယ့်သူဖုန်းစားလိုဘဲ  ''

အတိတ်ကိုပြန်တွေးရင်း ငါနားလည်ခဲ့တယ်၊
အရင်ကငါဖြစ်ခဲ့တာတွေထက် အခုလို
'အတုယောင်မင်းသမီး' ဖြစ်နေတာကပိုကောင်းနေသေးတယ်၊

'' ထပ်မတွေးနဲ့တော့...ဒါတွေအကုန်အတိတ်တွေချည်းဘဲ... ''

ငါအိပ်ရာကနေခုန်ထွက်လိုက်တယ်၊ဒီလိုအချိန်မှာခန္ဓာကိုယ်ကိုလှုပ်ရှားဖို့လိုတယ်လေ၊
ဒီတိုင်းကြီးဆက်နေနေရင် မကောင်းတဲ့အတွေးတွေကပိုပြီးဆိုးရွားလာလိမ့်မယ်၊ငါခြုံစောင်တစ်ခုကိုယူပြီးအခန်းထဲကထွက်လိုက်တယ်၊စံအိမ်ဝန်းကျင်ကိုလမ်းလျှောက်လိုက်တာကမှ ငါ့အတွေးတွေကိုသေချာပေါက် ရှင်းရှင်းလင်းလင်းဖြစ်စေလိမ့်မယ်၊
အဲ့လိုနဲ့ ငါလှေကားထစ်တွေကိုဖြတ်ပြီး ဟောခန်းမကိုဖြတ်လျှောက်လိုက်တယ်၊

'' သခင်မလေး ''

အောက်ဘက်ကိုဆင်းလာတဲ့ အိမ်တော်ထိန်းကငါ့ဆီပြေးလာတာကိုတွေ့လိုက်ရတယ်၊သူကတအံတသြနဲ့ငါ့ကိုခေါ်လိုက်တယ်၊

'' ဘယ်သွားမလို့ပါလဲ ''

'' အိမ်အပြင်ကို ''

'' အရှေ့ဘက်တောင်ကုန်းမှာ မီးရှူးမီးပန်းသွားကြည့်မလို့လား ''

'' အရှေ့ဘက်တောင်ကုန်း ''

အဲ့နေရာကိုမမှတ်မိခင် ငါမေးလိုက်တယ်၊
အဲ့တာကသိပ်မကြာခင်တုန်းက Derrickဆွဲခေါ်သွားခဲ့တဲ့ကုန်းမြင့်လေးဘဲ၊Penelopeက နှစ်တိုင်းနောက်ဆုံးရက်ရောက်ရင် မီးရှူးမီးပန်းတွေကြည့်ဖို့အဲ့နေရာကိုသွားနေကျဖြစ််မယ်၊ငါရုတ်တရက်ကြီး ဘာလို့ထမင်းစားခန်းမှာတုန်းက Dukeကအဲ့အကြောင်းမေးတာလဲဆိုတာကို သဘောပေါက်လိုက်ပြီ၊

'' မဟုတ်ဘူး ''

ငါခေါင်းကို ခါလိုက်တယ်၊ငါအဲ့နေရာကိုသွားပြီး မီးရှူးမီးပန်းကြည့်ရလောက်တဲ့အထိ စိတ်ကရိုဆန်နေတာမဟုတ်ဘူး၊

'' ဒါဆိုဘယ်ကိုများသွား..... ''

'' ကျမပျင်းတယ်... ''

အိမ်တေယ်ထိန်းရဲ့မျက်နှာက စိတ်ရှုပ်ထွေးပြီးမဲ့ရွဲ့သွားခဲ့တယ်၊အဲ့တာက အကြောင်းပြချက်မရှိဘဲ သူမရဲ့ဦးတည်ချက်ကိုရုတ်တရက်ပြောင်းလဲပစ်လိုက်တဲ့ မရင့်ကျက်သေးတဲ့မိန်းခလေးတစ်ယောက်ကို အတော်လေးနားမလည်နိုင်တော့တဲ့ပုံဘဲ၊ဒါပေမဲ့အဲ့တာကအရေးမကြီးပါဘူး၊ယုတ်မာတဲ့မိန်းမတစ်ယောက်က သူမစိတ်ကူးပေါက်ရာ အလိုရှိတဲ့အတိုင်း ပြေးလွှားနေတာဘဲလေ၊

DITOEFVWhere stories live. Discover now