Chapter.37(U&Z)

905 163 3
                                    

Unicode.

ငါတို့မိန်းလမ်းမဘက်ကို လမ်းလျှောက်နေရင်း လူသွားလူလာသိပ်မရှိတဲ့ လမ်းဘက်ကိုတိုးဝင်လိုက်တယ်၊အဆောက်အုံတချို့ကိုဖြတ်ကျော်ပြီးနောက်မှာတော့ လူသွားလမ်းတစ်ခုကိုတွေ့လိုက်ရတယ်၊အဲ့တာကိုဖြတ်လိုက်တော့ ယမ်းထိုးနေတဲ့ သစ်ပင်တွေနဲ့မြက်ခင်းပြင်တွေကို မြင်လိုက်ရတယ်၊လမ်းကငါတို့ရဲ့ သာမာန်လမ်းတွေလိုမဟုတ်ဘဲ မီးအိမ်ပေါင်းများစွာနဲ့အသေးစိတ်အလှဆင်ထားကြောင့် အဲ့ဒီနေရာကထွန်းလင်းနေခဲ့တယ်၊ အရမ်းကိုလှပတဲ့မြင်ကွင်းက ပိုးစုန်းကြူးတွေကိုအမှတ်ရစေတယ်

အဲ့နောက် မြက်ခင်းတွေနဲ့ သစ်ပင်တွေဆီအနီးကပ်သွားကြည့်လိုက်တယ်၊သူတို့လည်း သေချာစောင့်ရှောက်ထားတဲ့ဥယျာဥ်တွေလို ဂရုစိုက်ခံထားရမလားလို့လေ၊

ပြီးတော့ အရှေ့ဘက်တောင်ကုန်းလို့ရေးထားတဲ့ အမှတ်အသားတစ်ခုကိုတွေ့လိုက်ရတယ်...ပြီးတော့ ဘာကြောင့်ဆိုတာကိုသိချင်လာပြန်တယ်၊

' ရုတ်တရက်ကြီး ငါတို့ဘာလို့ဒီကိုရောက်လာရတာလဲ '

ငါဒီနေရာကိုရေးတေးတေးတော့ သိနေခဲ့တယ်၊ဒါကDukeမိသားစုပိုင်တောင်ကုန်းကနေ ထွင်းထုထားတဲ့လူသွားလမ်းဘဲ၊အဲ့တာက Normal mood ကဇာတ်လိုက်မအတွက် ထုံးစံအတိုင်းတည်နေရာရက်စွဲတွေပါရှိနေပြီး အားလုံးကိုသိမ်းဆည်းထားတယ်

သေချာပေါက်ငါကတော့ ပထမအကြိမ်ဒီနေရာမှာရှိနေခြင်းဘဲ ဒါ့ကြောင့်ငါဒီနေရာမှာရှိနေခဲ့ဖူးတဲ့ ရက်စွဲသတ်မှတ်ထားခြင်းလုံးဝရှိမနေခဲ့ဖူးဘူး

လူသွားလမ်းကအဆင့်တန်းမြင့်မားတယ် ဒါပေမဲ့လည်း အဲ့ဒါကလုံးဝဝင်ကြည့်အောင်ထိန်းချုပ်နေခဲ့တယ်၊

' သူငါ့ကိုဘယ်သူမှမရှိတဲ့နေရာမှာ ဓားနဲ့ထိုးဖို့စီစဥ်နေတာလား  '

ငါအမှတ်အသားကိုကျော်သွားတဲ့အခါ လမ်းမှာတင်ရပ်လိုက်တယ်၊

'' နေ...နေပါဦး... ''

ဲထိုအခါမှ Derrickက အေးတိအေးစက်နဲ့ငါ့ဘက်ကိုလှည့်လာခဲ့တယ်၊

'' ဘာလဲ ''

'' ဘာ...ကျမတို့ဘာလို့ အဲ့ကိုသွားနေတာလဲ ''

DITOEFVWhere stories live. Discover now