Chapter.14

1.2K 195 5
                                    

'Reset​ buttonဆိုတာမရှိဘူး…'

ငါမူးမေ့တော့မလို ခံစားနေရတယ်၊ ဘယ်နေရာဘဲကြည့်ကြည့်​ reset buttonမရှိဘူး၊အဲ့အချိန်တွင်းမှာဘဲ အိမ်ရေှ့စံ​က ငါ့ကိုတကယ်ကြီးသတ်ဖို့လုပ်နေတယ် ဘာလို့ဆိုသူကသူ့ရဲ့ဓားကိူမြေှာက်ထားတုန်းလေ၊

"နေ.…​နေပါဦး… ခဏနေပါဦး…"

ငါအလန့်တကြားအော်မိ​လိုက်တယ်၊ အဲ့ကျမှသူကခေါင်းကိုစောင်းလိုက်ပြီးပြောတယ်၊

"ကြည့်ရတာ​ ခုမှစကားပြောဖို့အသိဝင်လာတဲ့ပုံဘဲ"

"ဒါပေါ့…​ကျမပြောပါ့မယ်၊ ကျမရှ​င့်ကိုပြော​ပါ့မယ်"

ငါအရူးလိုခေါင်းဆက်တိုက်ငြိမ့်လိုက်တယ်၊ သူကဓားကိုငါ့ရဲ့လည်ပင်းပေါ်မှာထပ်တင်လိုက်ပြန်တယ်၊

"ပြောလေ…"

"ကောင်း…​ကောင်းပြီ…"

ငါအရမ်းကြောက်နေတာကြောင့်သူ့ကိုပြောမှဖြစ်မယ်၊ ဒါပေမဲ့​ငါ့ရဲ့စိတ်ကဗလာဖြစ်နေပြီ​ ဒါကြောင့်ငါသူ့ကိုပြောမှဖြစ်မယ်၊
ဆိုလိုတာက​ငါကဘာပြောရမှာလဲ…​ငါသူ့နောက်ကိုလိုက်တာက ငါသေချင်လို့​ပြီးတော့ သေခါနီးရင် reset buttonရှိမယ်လို့ထင်လို့ ဆိူပြီးပြောလို့မရဘူးလေ…

'Choicesကိုဖွင့်လိုက်ရမလား'

ဒါပေမဲ့ငါဖွင့်လိုက်ရင်တောင် ငါအသက်ရှင်ဖို့အာမခံချက်မရှိဘူး…ဒါကအမှန်ဘဲ ဘာလို့ဆို​ခုထိငါအသက်ရှင်နေတာက​အဲ့ဒါကြောင့်မဟုတ်ဘူးလေ၊

"မင်းရဲ့ဦးနေှာက်ကနေတစ်ခုခုလိှမ့်ထွက်လာတာကိုငါဒီကနေကြားနေရတယ်…"

အိမ်ရေှ့စံကအေးစက်စက်လေှာင်ပြံုးနေပြီး တစ်ခုခုထွက်လာဖို့အရူးလိုကြုိးစားနေတဲ့ငါ့ကိုစောင့်ကြည့်နေတယ်

"မင်းဘာပြောမလဲဆိုတာကိုအရမ်းစိတ်လှုပ်ရှားနေမိပြီ......."

သူ့ရဲ့ခေါင်းပေါ်ကinterestပမာဏတော့ မတုန်မလှုပ်နဲ့ တောက်ပနေတာများတကယ့်အန္တရာယ်ကြီး

"​တကယ်လို့​ ဆင်ခြေပေးစရာမရှိဘူးဆိုရင်တာ့...... စိတ်မရှိပါနဲ့... သခင်မလေး……..."​

".…......"

"တစ်ယောက်ယောက်ကငါ့လမ်းမှာပိတ်နေတာမျိုးကိုငါတကယ်မကြိုက်ဘူး…​"

DITOEFVWhere stories live. Discover now