Chapter .32(U&Z)

866 152 1
                                    

Unicode.

ငါ့ရဲ့အော်သံကြောင့် ကလေးတွေကသူတို့ရဲ့ပါးစပ်တွေက်ုပိတ်လိုက်ကြတယ်၊ဘယ်သူမှဘာမှမပြောခင် ခပ်မြန်မြန်ထပ်ပြောလိုက်တယ်၊

'' အခုငါဘယ်သူ မင်းတို့ကဘယ်သူဆိုတာကအရေးမကြီးဘူး၊ပြသနာက မင်းတို့ကောင်တွေ အဖိုးတန်ရှေးဟောင်းပစ္စည်းကိုဖျက်ဆီးမိတော့မလို့ ''

'' ....... ''

'' မင်းတို့ဆီမှာ ငုတ်နဲ့တူ မရှိဘူးလား၊မင်းတို့ရဲ့ဆရာက ရေခဲကိုဒီလိုခွဲဖို့မှာထားတာလား ''

ငါကသိချင်စိတ်ကြောင့်မေးလိုက်ပေမဲ့ က​လေးတွေကငါ့ရဲ့စကားတွေကိုဆူတယ်လို့မှတ်ယူလိုက်ပြီး ခေါင်းလေးတွေငုံံ့သွားကြတယ်၊အဲ့နောက်သူတို့ကရေရွတ်နေခဲ့တယ်၊

'' တကယ်တော့...ေခါင်းဆောင်က သူမသွားခင်ကျွန်တော်တို့ကို ဒါတွေပေးခဲ့တယ် ''

ကလေးတစ်ယောက်က သူတို့သုံးလို့ရလောက်တဲ့ တူနဲ့စူး အသေးလေးကိုထုတ်ပြခဲ့တယ်၊တခြားကလေးတွေကပါမြင်ပြီး သူတို့ဟာကိုပါထုတ်ပြလာကြတယ်၊

'' ရေခဲကအရမ်းထူတယ် ပြီးတော့အဲ့တာတွေနဲ့ဖြိုဖို့မဖြစ်နိုင်ဘူး ''

'' ပြီးတော့ရေခဲပေါ်မှာ မှော်ဂါထာသက်ရောက်မှုရှိနေတယ် အဲ့တာ​ကြောင့် ပျက်ဆီးသွားတဲ့အပိုင်းကမိနစ်ပိုင်းအတွင်းပြန်ကောင်းသွားတာ ''

'' ငါထင်တာ ငါတို့သာခေါင်းဆောင်လိုမှော်သုံးနိုင်ရင် အဲ့တာကိုမြန်မြန်လေးဆွဲထုတ်လို့ရလောက်တယ် ''

ကလေးတွေကသူတို့ရဲ့ ဝမ်းနည်းမှုတွေကိုဖွင့်ချလိုက်ကြတယ်၊ငါသက်ပြင်းချလိုက်ပြီး ငါ့ရဲ့လက်တွေကိုသူတို့ဆီ ဆန့်ထုတ်လိုက်တယ်၊

'' ဒီကိုပေး ''

ငါ့ရဲ့လက်မှာ စူးနဲ့တူကိုကိုင်ပြီး ေရခဲတုံးနားကိုချဥ်းကပ်လိုက်တယ်၊ကလေးတွေက ငါ့နောက်ကနေလိုက်လာကြတယ်၊အရမ်းစူးစမ်းချင်နေတာဘဲ

'' အဲ့တာအမှန်ဘဲ ''

ထွင်းထုထားတဲ့ရေခဲနေရာက နဂိုပုံစံအတိုင်းစပြီးပြောင်းနေခဲ့တယ်၊ငါအဲ့တာကိုစိုက်ကြည့်နေမိတယ်၊
ငါအဆုံးထိကြည့်ပြီးတဲ့အခါ ပြန်လည်ကောင်းမွန်တဲ့အစွမ်းကအကန့်အသတ်နဲ့ရှိတာကို တွေ့လိုက်ရတယ်၊အထွင်းခံထားရတဲ့နေရာက လုံးဝပြန်ကောင်းလာတာမျိုးမဟုတ်ဘူး၊

DITOEFVWhere stories live. Discover now