Chapter.51(U&Z)

817 158 2
                                    

Unicode.

အိမ်တော်ထိန်းက နေ့လည်ရောက်တော့ Dukeခေါ်နေတယ်ဆိုတဲ့သတင်းစကားနဲ့အတူ ငါ့အခန်းကိုထပ်ပြီးရောက်လာပြန်လာတယ်၊

'' ကျမအဖေ... ''

'' ဟုတ်ပါတယ် ''

အချိန်ခဏလောက် ငါခေါင်းခဲသွားရတယ်၊ Dukeခေါ်တွေ့တာကြောင့်နဲ့ မဟုတ်ဘဲ ခေါ်တွေ့ရမဲ့အကြောင်းရင်းတွေအများကြီးရှိနေတာကြောင့်ဖြစ်တယ်၊အဲ့တာက အဆိုးဆုံးပြသနာအတွက် ငါအခုထိဘာမှမပြင်ဆင်ရသေးလို့ပဲ၊

' Rennaldနဲ့ရန်ဖြစ်မိလို့လား၊ဒါမှမဟုတ် လေ့ကျင့်ရေးကွင်းမှာ တိုက်ခိုက်လိုက်တဲ့တစ်ခုများလား ဒါမှမဟုတ် ငွေလက်မှတ်နဲ့လက်နက်တွေအပြုံလိုက်ကြီးဝယ်လာမိလို့လား... '

ဒုတိယတစ်ခုက ဖြစ်နိုင်ချေအရှိဆုံးပဲ၊Rennaldကတော့ ဒီအသက်ရွယ်ရောက်မှ သူ့ညီမနဲ့ရန်ဖြစ်ခဲ့တာကိုပြန်မပြောလောက်ပါဘူး၊

ငါ့ကိုပေးထားတဲ့ပိုက်ဆံကို ငါအလိုရှိတဲ့အတိုင်းသုံးလိုက်တယ်ဆိုပေမဲ့ ငါဘာပြောရမလဲဆိုတာကိုစိုးရိမ်နေမိတယ်၊

'' အရမ်းကြီးမစိုးရိမ်ပါနဲ့သခင်မလေး... ''

ငါစိုးရိမ်ပြီးအတွေးများနေတာကိုမြင်တော့ အိမ်တော်ထိန်းကအရိပ်အမြွတ်ပြောလာခဲ့တယ်၊သူက သူ့အလုပ်ရဲ့အခြေနေကို အချက်ပြလာခဲ့တယ်၊

'' အခုတော့သွားရအောင်ပါ ''

ငါထပ်ပြီးစဥ်းစားမနေဘဲထရပ်လိုက်တယ်၊

.......

'' အဖေ...ကျမကိုခေါ်တယ်လို့ကြားတယ်...  ''

စိုးရိမ်စိတ်အနည်းငယ်နှင့်အတူ ရုံးခန်းထဲကိုဝင်လိုက်တဲ့အခါ ခုံပေါ်မှာထိုင်နေတဲ့ Dukeကကြိုဆိုလာခဲ့တယ်၊

'' အင်း...ထိုင်... ''

ခုံရဲ့တခြားတစ်ဖက်ကို ညွှန်ပြရင်းနဲ့ပြောလိုက်တယ်၊

ဘာတွေများအရမ်းပြောင်းလဲသွားတာလဲ...ငါGameထဲမှာမင်းသမီးဖြစ်လာပြီးတဲ့နောက် Dukeကငါ့ကို နှိမ့်ချပြီးမဆက်ဆံတော့ဘူး၊
ဆိုလိုတာက ငါဒူးထောက်ပြီးတောင်းပန်စရာမလိုဘူးပေါ့၊တုန့်ဆိုင်းမနေဘဲ Dukeရဲ့တခြားတစ်ဖက်မှာထိုင်လိုက်တယ်၊သူက သောက်နေတဲ့ဆေးပြင်းလိပ်ကို ဖယ်ပြီးမေးလာခဲ့တယ်၊

DITOEFVWhere stories live. Discover now