Chapter.80(U&Z)

1.3K 113 3
                                    

Unicode.

တုန်ယင်နေတာတွေက ထိတွေ့ထားတဲ့ခန္ဓာကိုယ်ဆီ ကူးပြောင်းသွားတဲ့ပုံပဲ၊တက်နိုင်သမျှ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ အရှက်ရစရာတွေကို ရှောင်ရှားဖို့ပါပဲ၊

' ဘယ်လိုတောင်တုန်နေတာလဲဟာ '

သူ့ရဲ့ဘာသာရပ်ရွေးချယ်မှု အားနည်းချက်ကြောင့် မျက်နှာကရှုံ့မဲ့သွားခဲ့ရတယ်၊ဒါပေမဲ့ ငါ့မှာဒေါသထွက်ဖို့ရာ အားအင်မရှိတာကြောင့် ကူရာရယ်ရာမဲ့ပြန်ဖြေလိုက်တယ်၊

'' အေးလို့တုန်နေတာမဟုတ်ပါဘူး... ''

'' ဆိုတော့...? ''

အိမ်ရှေ့စံကချက်ချင်းမေးလိုက်တယ်၊

'' ဒီတိုင်း... ''

'' ဒီတိုင်း...? ''

ဒီတိုင်းရောချလိုက်ချင်ပေမဲ့ သူ့လိုဇွဲကြီးပြီးထူးဆန်းတဲ့လူအတွက်တော့ အလုပ်မဖြစ်ခဲ့ဘူး၊အိမ်ရှေ့စံရဲ့ဝတ်ရုံအောက်မှာ တစ်ချက်တစ်ချက်တုန်ယင်သွားတဲ့ ငါ့လက်တွေကိုအတူပူးကိုင်ပြီး ပွတ်တိုက်နေလိုက်တယ်၊ပြီးတော့ ဘာမှမဖြစ်သလိုဟန်ဆောင်နေမိတယ်၊

'' ကျွန်မ မျက်လုံးမှိတ်လိုက်တာနဲ့ အစောတုန်းကဖြစ်ခဲ့တာတွေကိုပဲ မြင်ယောင်နေမိတယ်၊ ''

'' အစောတုန်းက ဘာဖြစ်ခဲ့လိုလဲ...? ''

အိမ်ရှေ့စံက မျက်မှောင်ကြုတ်လိုက်ရင်း တစ်စုံတစ်ခုကိုစဥ်းစားမိလိုက်သလိုမျိုး  ' အာ ' လို့ပြောလာခဲ့တယ်၊

'' ...ကိုယ်တို့ ချောက်ကမ်းပါးကနေ ပြုတ်ကျတာကိုပြောတာလား၊အဲ့တုန်းက ကိုယ်တို်ပြုတ်ကျတဲ့အချိန် မင်းသတိလစ်သွားတယ်လို့ထင်ခဲ့တာ၊
ကြည့်ရတာ အဲ့လိုမဟုတ်ဘူးပဲ... ''

'' ... ''

'' ဒါမှမဟုတ် အကြောက်လန့်မရှိသွားနေရာကနေ ဝက်ဝံကြီးပုတ်တာကိုခံလိုက်ရတော့မလိုဖြစ်တာကို ဆိုလိုတာလား... ''

'' ဟမ်းး ဟုတ်တယ်... ''

အခု ငါအားလုံးကို တုန့်ပြန်မိလိုက်တယ်၊

'' ကျွန်မခွေးလို တုန်နေတာက အကြောက်လန့်မရှိသွားနေရင်း ဝက်ဝံပုတ်တာကို ခံလိုက်ရလုနီးပါးဖြစ်သွားခဲ့လို့ပဲ... ''

DITOEFVWhere stories live. Discover now