Chapter.36(U&Z)

846 166 3
                                    


Unicode.

ငါအဲ့တာ(အကူညီ)ကိုမသုံးဘူးလို့ဆုံးဖြတ်ချက်ချပြီးတာငါးမိနစိတောင်မကြာသေးဘူး...

''ဟမ်း...ဟား... ''

'' ... ''

ပျက်ယွင်းနေတဲ့နေရာက ကို့ရို့ကားယားနဲ့တိတ်ဆိတ်နေတယ်၊ အံ့သြစရာဘဲ  Vinterက ငါမထွက်သွားခင်နောက်ဆုံးသူ့ကိုတွေ့ခဲ့တဲ့နေရာမှာရပ်နေတုန်းဘဲ၊သူ့ရဲ့အ့ံအားသင့်နေတဲ့အပြာရောင်မျက်လုံးတွေကြောင့် ဝင်းလက်သွားတဲ့ငါ့မျက်နှာကရဲတက်သွားခဲ့တယ်၊ မျက်နှာဖုံးဝတ်ထားမိတာကိုကျေးဇူးတင်ရမယ်၊

'' ကျေးဇူးပြုပြီးအထဲဝင်ပါပြီးမှတံခါးပိတ်လိုက် ''

အ့ံဩပြီးငါ့ကိုစိုက်ကြည့်နေခဲ့တဲ့ Vinterက ထွက်သွားမဲ့ပုံပေါ်နေတာကြောင့် အထဲကိုဝင်ခဲ့လိုက်တယ်

'' အဟမ်း...''

' ချီး...ဘယ်လိုတောင်ရှက်ဖို့ကောင်းတာလဲ '

ငါ့ရဲ့လည်ချောင်းကိုရှင်းလိုက်ပြီး ရှက်ကိုးရှက်ကန်း​ဖြစ်နေတာကနေတံခါးကိုအမြန်ပိတ်လိုက်တယ်၊ငါမှောင်နေတဲ့လမ်းကြားကို​မြင်ရဖို့ တံခါးကိုကြည့်လိုက်တယ်၊ဒါပေမဲ့ Derrickကိုမမြင်ရဘူး...

' သူငါ့ကိုလွတ်သွားတာလား '

တကယ်လို့သူကအဲ့လိုဆိုရင်တောင် စိတ်အေးအေးနေနိုင်ဖို့စောနေသေးတယ်၊တကယ်လို့သူသာ စံအိမ်ကိုပြန်သွားပြီး ငါပျောက်နေတာကိုသိသွားလို့ကတော့ ငါတော့ဂြိုလ်ဝင်ပြီဘဲ၊

'' ရုတ်တရက်ကြီး စိတ်ပြောင်းသွားလို့တောင်းပန်ပါတယ်၊ဒါပေမဲ့ ကျမမှာဆန္ဒတစ်ခုတောင်းဆိုဖို့အခွင့်ရှိနေသေးတယ်...ဟုတ်တယ်နော်... ''

'' သေချာတာပေါ့ ''

''အဲ့ဒီဆန္ဒ...ကျမအဲ့တာကိုအခုသုံးမယ်... ကျမကို ဟာမစ်လ်တန် လမ်းကိုခေါ်သွားစေချင်တယ်...အခုချက်ချင်းနော်...''

ငါအဓိကအရာကိုဘဲတည့်တိုးပြောလိုက်တယ်၊Derrickအိမ်ပြန်မရောက်ခင် ငါအရင်ရောက်နေမှဖြစ်မယ်၊ Vinterကမှော်သုံးနိုင်တာကြောင့် နည်းလမ်းရှိသင့်တယ်...

'' တကယ်တော့ အဲ့ဟာမစ်လ်တန်လမ်း...''

သူ့ကြည့်ရတာအဲ့တာဘယ်နေရာလဲဆိုတာစဥ်းစားနေတဲ့ပုံဘဲ၊

DITOEFVWhere stories live. Discover now