Chapter.75(U&Z)

694 124 1
                                    

Unicode.

' ဟမ် '

3%တိုးသွားတာက မယုံနိုင်စရာဖြစ်နေခဲ့တယ်၊ဒါကြောင့် ငါကြောင်ပြီး သူနဲ့သူ့ခေါင်းကိုတစ်လှည့်စီကြည့်နေမိတယ်၊

ငါငေးကြည့်နေခဲ့တဲ့ ဝက်ဝံခေါင်းကိုကိုင်ထားတဲ့သူရဲ့မျက်လုံးတွေက ကွေးညွတ်နေခဲ့တယ်၊Callistoရဲ့မျက်နှာက ငရဲကပူပူနွေးနွေးနတ်ဆိုးတစ်ကောင်လိုပဲ၊

'' အမ်...အဲ့လောက်ရယ်ရလား ''

'' အင်း၊ကိုယ်အခု Eckart ရဲ့ခွေးရူးကကြောက်လန့်တကြားပြေးနေတာကို တွေ့လိုက်ရတယ်၊အဲ့တာကအရမ်းရယ်ရတာပဲ ''

'' ဟားး ရှင်အဲ့အသေကောင်ကြီးနဲ့ တကယ်ကြီးကစားချင်နေတာလား ''

'' အဲ့တာကဒူးလေးကို သေအောင်ပစ်တဲ့လူတစ်ယောက်က ​ပြောရမဲ့စကားလို့မထင်ဘူးနော် ''

' နင်တော့သေပြီပဲ '

ငါ့ရဲ့တုန်ယင်နေတဲ့လက်သီးဆုပ်တွေနဲ့ သူ့ကိုစိုက်ကြည့်လိုက်တယ်၊ရုတ်တရက်ဆိုသလိုပဲ ရေအေးတစ်စက်က ငါ့နှာဖူးပေါ်ကျလာခဲ့တယ်၊

'' ဟမ် ''

ဂျုန်းး~~~ဘေးပတ်ဝန်းကျင်က ရုတ်ချည်းမဲမှောင်လာခဲ့တယ်၊ကောင်းကင်က ပုံမှန်ဖြစ်နေရာကနေ ပြောင်းလဲသွားခဲ့တယ်၊တိမ်စိုင်တိမ်မဲတွေက နေမင်းကို ဖုံးကွယ်သွားကြတယ်၊

'' မိုးရွာပြီပဲ ''

အိမ်ရှေ့စံက ရေရွတ်လိုက်တယ်၊အဲ့တာသိပ်မကြာလိုက်ခင်မှာပဲ မကောင်းတဲ့စကားလုံးတွေ တကယ်ဖြစ်လာခဲ့တယ်၊

မိုးရေစက်နည်းနည်းကနေ များပြားတဲ့အရေအတွက်ဖြစ်လာခဲ့တယ်၊

'' အရှင့်သား၊ကျွန်မကိုကယ်တင်ပေးခဲ့တဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်၊ နှုတ်ဆက်ပါတယ်နော်''

ငါအိမ်ရှေ့စံကို အမြန်နှုတ်ဆက်လိုက်တယ်၊
မိုးမကြီးခင် ငါသစ်တောထဲက အမြန်ထွက်သွားချင်ခဲ့တယ်၊ငါဒီသောက်ကျိုးနည်း အမဲလိုက်ကွင်းထဲမှာ ထပ်ပြီးတော့မနေချင်တော့ဘူး၊

ခြေထောက်တွေက အမြန်ရွေ့လျားနေခဲ့တယ်၊တစ်လှမ်းပြီးတစ်လှမ်း၊ အိမ်ရှေ့စံကလည်း ဝက်ဝံခေါင်းကိုင်ပြီးနောက်ကနေ ထပ်ကြပ်မကွာလိုက်နေခဲ့တယ်၊

DITOEFVWhere stories live. Discover now