Chapter.71(U&Z)

638 118 7
                                    

Unicode.

'' ကျွန်မငယ်ငယ်တုန်းက လေးပစ်နည်း နည်းနည်းသင်ဖူးတယ်၊ဒါပေမဲ့နောက်တစ်ခါကျရင်တော့ မင်းသမီးလိုပစ်မှတ်ကြီးကြီးချိန်နိုင်အောင်ကြိုးစားရမယ်.. ''

'' ဒါနဲ့ ့မင်းသမီး ဒီနေ့ဝတ်စုံကအရမ်းလှတာပဲနော် ''

အမျိုးသမီးတချို့ကတောင် အဝတ်စားအကြောင်းပြောလာ​ြကတယ်၊၊

'' ကျေးဇူးတင်ပါတယ် ''

ငါဒီတိုင်းမသိချင်ယောင်ဆောင်လိုက်တယ်၊

'' ခွီးးး ''

အဲ့နောက် သိသာတဲ့လှောင်ပြောင်သံတွေက ဟိုတစ်စဒီတစ်စထွက်လာခဲ့တယ်၊၊

' ဟူးး ကိစ္စတွေကဘာမှအဆင်မပြေပါလား '

အဲ့တာကစိတ်ရှုပ်စရာဆိုပေမဲ့ အစစ်ကငါမဟုတ်တာကြောင့်သည်းခံနိုင်ခဲ့တယ်၊ဒီခန္ဓာကိုယ်ကအတိတ်ကပြစ်မှုကိုကျူးလွန်ခဲ့တယ်ဆိုလည်း ငါကဘာများလုပ်နိုင်မှာလဲ၊၊

' တကယ်လို့အကြောင်းရင်းမရှိပဲရိုင်းစိုင်းပြီးကာမှ Dukeနားထိရောက်သွားလို့ကတော့ '

အဲ့အချိန်က အသက်ရှင်ဖို့တိုက်ရိုက်ဆက်နွယ်တာဖြစ်နေခဲ့တယ်၊

ဘာပဲ​ြဖစ်ဖြစ် လက်ဖက်ရည်ပါတီကိုစိတ်ဝင်စားတာထက် ဖိတ်ကြားချက်ရောက်လာတာနဲ့တင်ပိုပြီးမျှော်လင့်နေခဲ့တဲ့ Dukeအတွက်စိတ်မကောင်းဖြစ်မိတယ်အဲ့တာကြောင့်လည်း တာဝန်မဲ့တာမျိုးမလုပ်ပဲဒီနေရာမှာထိုင်နေခဲ့တာ၊၊

စိတ်လှုပ်ရှားမှုမရှိတဲ့ ငါ့ရဲ့မျက်နှာထားကြောင့် ရယ်လိုက်ရင်တောင်သက်တောင့်သက်သာဖြစ်နေမှာမဟုတ်ဘူး၊ဆံပင်အပြာနဲ့တစ်ယောက်ကထပ်ပြီး သူမရဲ့ပါးစပ်ကိုလှုပ်ရှားလိုက်တယ်၊

'' မင်းသမီးကြည့်ရတာ ဒီနေ့လည်းထပ်ပြီးအမဲလိုက်သွားဦးမဲ့ပုံပဲနော် ''

'' ဟမ်...စဥ်းစားကြည့်ရရင် ဒီဒူးလေးနဲ့ မနေ့ကမကောင်းဆိုးဝါးတွေကိုသတ်ခဲ့တာ ဟုတ်တယ်မလားဟင် ... ''

Lady Aris ကငါ့ရဲ့နောက်ကျောကဒူးလေးကို လက်ညှိုးထိုးပြလိုက်တယ်၊သူမရိုင်းသွားတယ်လို့ခံစားရတယ်ဆိုရင်တောင် ဒီပါတီပွဲကိုလုပ်ရတဲ့အကြောင်းရင်းကိုသူမသိနေတယ်လေ၊

DITOEFVWhere stories live. Discover now