Chapter.22

1K 183 1
                                    

ငါသူ့ရဲ့နာမည်ကိုခေါ်လိုက်တဲ့အချိန် မျက်လုံးချင်းဆုံသွားခဲ့တယ်၊ သူ့ရဲ့မျက်လံုးအစုံက အန္တရာယ်တေွတစွန်းတစနဲ့ပေါ့

ငါသေချာပြောနိုင်တယ် သူနာကျင်နေတာမရှိတော့တာနဲ့ ငါ့ကိုသတ်ဖို့ကြိုးစားတော့မှာ၊ သူဒီအတိုင်းဘဲဖြစ်နေမယ်ဆိုရင် စံအိမ်တော်ကိုခေါ်မသွားနိုင်သေးဘူး၊ ငါ့ရဲ့အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး​အလေးအနက်စဥ်းစားလိုက်တယ်၊ အဲ့နောက်​မှာတော့​ငါ့ရဲ့လက်တစ်ဖက်နဲ့မျက်နှာဖုံးကိုချွတ်လိုက်တယ်

"Eclise... ငါ့ကိုကြည်..."

Eclise​ကို​စိတ်​လျော့သွားအောင်လို့ဒီထက်ပိုတဲ့တခြားနည်းလမ်းကို မစဥ်းစားတတ်တော့ဘူး
သူနဲ့မျက်နှာချင်းဆိုင်ထိပ်တိုက်တေွ့ပြီးအမှန်တရားကိုပြောတာကဘဲ မျေှာ်လင့်ချက်ရှိမယ်လို့ထင်တယ်

"နင့်ကို​100millionနဲ့ဝယ်ထားတဲ့ နင့်ပိုင်ရှင်ရဲ့မျက်နှာကိုကြည့်... "

မျက်နှာဖုံးနဲ့ကွယ်ထားတဲ့ငါ့ရဲ့မျက်နှာက ခုလှစ်ဟထားပြီဖြစ်တယ်၊ သူ့ရဲ့မီးခိုးရောင်မျက်ဝန်းတေွကရုတ်ချည်းကျယ်လာခဲ့တယ်၊ ဒီလိုနေရာမျိုးကိုလာစရာအကြောင်းမရှိတဲ့အပြင် Penelopeရဲ့ အသက်ရှူမှားလောက်တဲ့ ညှို့အားပြင်းတဲ့ ရုပ်ရည်ကြောင့်လည်းဖြစ်နိုင်တယ်၊
သူ့ရဲ့မျက်လုံးတေွနဲ့ ငါ့ကိုဆက်တိုက်ငေးကြည့်နေပေမဲ့လည်း.ငါသူ့ရဲ့ရေှ့မှာတော့​လက်ကိုဝေှ့ယမ်းတာမျိုးတေွမလုပ်လိုက်ပါဘူး၊

"နင့်ကိုအဲ့တန်ကြေးနဲ့ဝယ်တယ်ဆိုတာ ငါ့ရဲ့ငေွတေွကိုမီးရှို့ပစ်ဖို့လိုနေလို့မဟုတ်ဘူး၊ တော်ဝင်မျိုးနွယ်မပြောနဲ့ ရူးနေတဲ့သူတေွတောင်​စစ်ရှုံးနိုင်ငံကလာတဲ့ ကျွန်တစ်ယောက်ကို ရေွှစ100millionပေးပြီးဝယ်မှာမဟုတ်ဘူးဆိုတာ... သိတယ်မလား..."

ဒါကအမှန်ဘဲ... လေလံပွဲမှာ ကျွန်တစ်ယာက်ကိုဝယ်ဖို့ ရေွှစ100millionသုံးတယ်ဆိုတာကို နှိုင်းယှဥ်ကြည့်ရင်... 100millionဆိုတာမြို့တော်ရဲ့ဆင်ခြေဖုံးနေရာမှာ​ ရဲတိုက်တစ်ခုတောင်ဆောက်လို့ရတဲ့အထိပဲ၊

"​နင်ဒီလိုပုံစံနဲ့ သောင်းကျန်းတာက လွတ်မြောက်မယ်လို့ပြောနိုင်တယ် ဒါပေမဲ့​ပြီးရင်နင်ဘာလုပ်နိုင်မှာလဲ နင့်မှာပြန်စရာ တိုင်းပြည်လည်းမရှိတော့ဘူးလေ..."

DITOEFVWhere stories live. Discover now