Chapter.73(U&Z)

667 119 2
                                    

Unicode.

Systemရဲ့အသိပေးစာကို တအ့ံတဩကြည့်ရင်း တသိမ့်သိမ့်တုန်လာခဲ့တယ်၊

'' ဂါးးးး ''

လူတွေကိုသတိထားမိတာနဲ့ သတိအနေထားဖြစ်နေတဲ့ ကြီးမားတဲ့သားရဲကောင်ကြီးက ငါ့ရဲ့နှစ်ဆလောက်ရှိပြီး သူ့ရဲ့နှာခေါင်းကနေအသက်ရှူထုတ်နေခဲ့တယ်၊အဲ့တာကယုံရခက်လောက်အောင် မကောင်းဆိုးဝါးကြီးလိုပဲ သားရဲကောင်မဟုတ်ဘူး

' သောက်ကျိုးနည်း ဘာကြီးလဲ '

ရှုပ်ထွေးနေတဲ့ငါ့ရဲ့စိတ်တွေကို တည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီး သားရဲကောင်နဲ့ငါ့ကြားကအကွာအဝေးကိုတွက်ချက်လိုက်တယ်၊

သားရဲကောင်ကြီးက ဒူးလေးနဲ့ပစ်ဖို့ကို အတော်လေးဝေးတဲ့နေရာမှာရောက်နေခဲ့တယ်၊ဝက်ဝံရိုင်းတွေက အကွ​ာအဝေးမလိုပဲ လျင်မြန်ပြီးဘယ်လောက်တောင်အန္တရာယ်များလဲဆိုတာ သေချာငါသိတာပေါ့၊

ဒါပေမဲ့လည်း ' မမျှော်လင့်ထားတဲ့လုပ်​ဆောင်ချက် '
အနေနဲ့ ဂိမ်းစီစဥ်ပေးထားတာဖြစ်ပြီး ဝက်ဝံကြီးရဲ့ပုခုံးနဲ့ခြေထောက်မှာ မြားတွေကြောင့်သွေးတွေထွက်နေခဲ့တယ်၊အဲ့တာကတခြားမုဆိုးတွေလိုက်တာခံခဲ့ရတာဖြစ်ပြီး အဲ့တာတွေကငါ့ကိုအားနည်းတယလို့မြင်စေ...

'' ဂါးးးးးး ''

ဝက်ဝံကြီးက သွေးတွေနဲ့မြားတွေဆီအာရုံမရောက်နိုင်လောက်အောင် သည်းသည်းမဲမဲအော်ဟစ်လိုက်တယ်၊အဲ့တာကြောင့်ငါ့မျက်လုံးတွေပေါက်ထွက်တော့မလိုခံစားနေခဲ့ရတယ်၊ခြေထောက်တစ်ဖက်ကဒဏ်ရာရနေတာကိုမြင်လိုက်ပေမဲ့ အဲ့တာကငါ့ကိုစိတ်သက်သာရာမရစေဘူး၊

' ချီးပဲ '

ငါမဝ့ံမရဲ​ြဖစ်နေခဲ့တယ်၊

ချိန်းတွေ့တာကိုသရုပ်ဖော်တဲ့ဘယ်လိုဂိမ်းမျိုးက ဝက်ဝံအမဲလိုက်ဖို့သွားကြလို့လဲဟာ၊

မျက်လုံးထဲကမျက်ရည်တွေနဲ့အတူ (Accept) ကိုနှိပ်လိုက်တယ်၊ဘာလို့ဆိုငါ့မှာရွေးချယ်စရာမှမရှိတာလေ၊

[ ( အနီရောင်အမှတ်တွေ )ကိုလက်နက်​​ဖြင့်ပစ်ပါ ]

[ START!!! ]

DITOEFVWhere stories live. Discover now