Chapter .10

1.2K 183 1
                                    

Emily​ ကတုန်တုန်ယင်ယင်နဲ့ အချိန်ပိုင်းတွင်းလဲကျသွားတော့မလိုဘဲ၊ဒါပေမဲ့လည်း သူမက​ စည်းနေှာင်ထားတဲ့သူမရဲ့ဆံပင်ကို ထိနေပြီး​ ခဏအတွင်းမှာဆံထုံးထဲကထွက်လာတဲ့ အပ်ကြီးကြီးတစ်ခုက သူမလက်ထဲကိုရောက်နေတော့တယ်၊

'ဝေါင်း... ဖွက်တာတော်ချက်ဘဲ'​

သေချာတာပေါ့.Penelopeကအမြဲတမ်း စော်ကားခံနေရတဲ့ဒုက္ခသည်ဖြစ်နေခဲ့ပီး၊ သူတို့ကတော့ အဲ့လိုအနိုင်ကျင့်ဖို့​အရမ်းတက်ကြွနေခဲ့ကြတာလေ၊

သူမက​တော့​သူ့ကိုအမြဲမတရားစော်ကားနေတဲ့ အိမ်စေတေွကို အော်ဟစ်ဆူဆဲချင်ပေမဲ့ သူမမှာသေချာတဲ့သက်သေအထောက်ထားတစ်စုံတစ်တစ်ရာမရှိခဲ့ဘူးလေ၊

"ဒီ... ဒီမှာပါ..."

Emily ကသူမရဲ့ တုန်ယင်နေတဲ့လက်တေွနဲ့ အပ်ကိုငါ့ဆီကမ်းပေးလာခဲ့တယ်၊
Penelopeကို​ အရင်ကနေခုထိ​နာကျင်စေတဲ့အရာကို ကြည့်ကြည့်လိုက်တယ်၊ ဒါကအရမ်းကြီးနေတာမျိုးမဟုတ်ဘဲ သတ္တုအပိုင်းစတစ်ခုဖြစ်ရုံဘဲ၊

ဒါပေမဲ့​လည်း​ ဒီအပ်သွယ်သွယ်လေးက​လူတစ်ယောက်ကိုဘယ်လိုနာအောင်လုပ်နိုင်လဲဆိုတာကို​ မနေ့ကငါသိပြီးပြီ၊

'သူမဘယ်လိုတောင်သနားဖို့ကောင်းတာလဲ'

သူမ​ မနက်အိပ်ရာထတိုင်း လက်မောင်း​ကသေွးတေွ​ အမာရွတ်တေွနဲ့အားနည်းနေပြီး နာကျင်ခံစားနေရတာကိုဘယ်သကမှသတိမထားမိကြဘူး၊

"ခေါင်းကိုမော့လိုက်"​

ငါအံကြိတ်ပြီး အမိန့်ပေးလိုက်တယ်၊

Emily ကချီတုံချတုံဖစ်နေပြီး သူမရဲ့ခေါင်းကိုမော့လိုက်တယ်၊
သူမရဲ့တုန်လှုပ်နေတဲ့မျက်ဝန်းတေွထဲမှာ မျေှာ်လင့်ချက်မရှိဖစ်နေတာကိုတေွ့နေရတယ်၊ဒါက သူမ​မြို့စားရဲ့သမီးတစ်ယောက်ကို​ အကြမ်းဖက်မိတဲ့အခါ ဖြစ်လာနိုင်တာတေွကိုတေွးမိသွားတဲ့ပုံဘဲ၊

"သေချာကြည့် ...​Emily ..."

Emily ရဲ့လက်ကအပ်ကိုမယူသေးဘဲ ငါ့ရဲ့လက်ကိုသူမရဲ့ရေှ့ကိုပို့လိုက်တယ်၊ အဲ့ဒါကနို့နှစ်ရောင်သမ်းနေပြီး အမာရွတ်တစ်ခုတောင်ရှိမနေဘူး၊ ငါ့ရဲ့လက်ကိုလှန်လိုက်တဲ့အခါ​ အဲ့ဒါက​ကြမ်းပြင်ကို မျက်နှာမူသလိုဖစ်သွားတယ်၊

DITOEFVWhere stories live. Discover now