Chapter.56(U&Z)

784 161 4
                                    

Unicode.

ငါအရမ်းရှက်နေပါပြီ...

' သူကဒီကိုဘာလို့လာတာလဲ '

Derrick နဲ့ Rennald တို့ကိုတွဲတွေ့ရတာကလွဲလို့ ဂိမိးထဲမှာအမျိုးသားဇာတ်ကောင်နှစ်ယောက် တပြိုင်တည်းပေါ်လာတယ်ဆိုတာက ကြုံတောင့်ကြုံခဲပါပဲ၊

မမျှော်လင့်ထားတဲ့ တိုးတက်မှုတွေကြား ပျာယာခတ်နေတာကို Derrick ကအသံနိမ့်နိမ့်နဲ့ရေရွတ်လိုက်တယ်၊

'' Penelope Eckart ''

အေးခဲနေတဲ့အအေးဓာတ်တစ်ခုက လည်ပင်းကနေဖြတ်သွားခဲ့တယ်၊

' မကောင်းတော့ဘူး '

ဘာပဲဖြစ်နေဖြစ်နေ ငါဒီအခြေနေကြီးကို ဖျက်ဆီးမှဖြစ်မယ်၊ငါEcliseရဲ့လက်မောင်းတွေကြားကနေ အမြန်ရုန်းထွက်လိုက်တယ်၊ဒါပေမဲ့လည်း နောက်ကနေအုပ်မိုးဆုပ်ကိုင်ထားတဲ့ လက်ဖဝါးတွေကတော့ လှုပ်တောင်မလှုပ်သွားခဲ့ဘူး၊

'' Eclise? ''

သူ့ကိုခေါ်လိုက်ရင်း ငါ့ရဲ့လက်ကောက်ဝတ်တွေကို လှုပ်ပြီးထပ်ရုန်းလိုက်တယ်၊ဒါပေမဲ့ ငါပိုပြီးရုန်းကန်လေ သူ့ရဲ့အားကရုတ်ချည်းပိုများလာလေဖြစ်နေခဲ့တယ်၊

'' Eclise...လက်ကိုလွှတ်လိုက်တော့...အဲ့တာကနာနေပြီ...  ''

နောက်ဆုံးတော့ ငါခေါင်းကိုမော့ပြီးသူ့ကိုစောင်းကြည့်လိုက်တယ်၊ မီးခိုးရောင်မျက်ဝန်းတွေက ငါ့ဆီရောက်လာခဲ့တယ်...

အကြည့်ချင်းဆုံပြီးခဏအကြာမှာတော့
သူကဆုပ်ကိုင်ထားတာကို ဖြေလျော့လိုက်တယ်၊လွတ်မြောက်လာတဲ့လက်တွေက အရင်ကထက်တောင်ပိုအေးနေသေးတယ်၊ငါသူ့ရဲ့လက်မောင်းတွေကနေ အလျင်အမြန်ရုန်းထွက်လိုက်ပြီး Derrickကိုအသံတိတ်အရိုသေပေးလိုက်တယ်...

'' မင်းဘာလုပ်နေတာလဲ ''

ဒါပေမဲ့ပြန်ရလိုက်တာကတော့ အေးစက်စက်အကြည့်တစ်ခုပါပဲ၊

'' ဘာလို့သူကဒေါသထွက်နေရတာလဲ ''

သိပ်မကြာခင်က Dukeဆီမှာ သူရဲကောင်းတွေနဲ့အလုပ်တွေကို ပြီးဆုံးအောင်လုပ်ခဲ့ပြီးပြီ၊
ရက်အနည်းငယ်ကြာတဲ့နောက် Derrickကဘာစကားမှမပြောခဲ့သလို ငါကလည်းအပြစ်တင်ချင်စရာဘာမှမလုပ်ခဲ့ဘူး၊

DITOEFVWhere stories live. Discover now