Chapter .11

1.2K 183 4
                                    

ပြီးတော့​ နင်က​ ငါ့ရဲ့အဆုံးသတ်ကိုအတူကြည့်နိုင်မဲ့ငါရေွးထားတဲ့အမျိုးသားဇာတ်ဆောင်လည်းမဟုတ်ဘူး၊ ဒါကြောင့်စိုးရိမ်မနေနဲ့၊

ငါနောက်တစ်ကြိမ်ထပ်ပြီးတော့ သူ့ကိုစိတ်အေးအေးထားဖို့ပြောလိုက်တယ်၊

"ဒါကြောင့်​ငါ့ရဲ့ကိစ္စတေွကိုစိတ်ပူစရာမလိုဘူး, Rennald....."

ငါ့ရဲ့ပြသနာတေွကို ငါကိုယ်တိုင်ဘဲဖြေရှင်းမယ်၊ ငါ့ကိုသာနင့်စိတ်ထဲကထုတ်လိုက်စမ်းပါ၊ ငါ့ကိုအနိုင်ကျင့်တာမျိုး ဒါမှမဟုတ်​.... ဘာဖြစ်ဖြစ်
ထွက်သွားစမ်းပါ...

"ငါရေချိုးရဦးမှာ၊ နင်ထွက်သွားပေးလို့ရမလား..."​

ငါပြောပြီးတာနဲ့​ အခန်းတံခါးကိုဖျတ်ခနဲကြည့်လိုက်တယ်၊

Rennaldက​ မျက်မေှာင်ကြုတ်နေတယ်...​

တကယ်ကိုအ့ံအားသင့်မိတယ်၊ သူ့ရဲ့ဒီလိုမျက်နှာအမူယာက​ို​ Gameထဲမှာတစ်ခါမှမမြင်ဖူးဘူး...
ပြီးတော့တစ်ချိန်တည်းမှာဘဲ ရုတ်တရက်ငါ့အသိစိတ်တေွပျောက်သွားသလိုမျိုး နှလုံးသားကဟာတာတာဖြစ်သွားတယ်...

'နေဦး​ ခုinterest level ကထပ်ကျသွားတာလား...
မဖြစ်ဘူးလေ...'​

Rennald ရှေ့မှာ​Penelope လိုမျိုး​သရုပ်မဆောင်ခဲ့ဘူး၊ အဲ့အစား​ သူလက်ခံလောက်မဲ့​စကားတေွဘဲ​သေချာရေွးပြောခဲ့တာလေ၊ ဒါပေမဲ့​ဘာလို့လဲ...

အဲ့​အချိန်မှာ ဘဲ၊ ​သူ့ရဲ့​ပန်းနုရောင်ဆံပင်တေွရဲ့အပေါ်ကbarအလွတ်က တလက်လက်တောက်ပလာပြီးတော့.......

[Interest.3%]

'What the...'

ငါ့စိတ်တေွဗလာဖစ်သွားပြန်တယ်၊
ဘာလို့တက်လာတာလဲဟ....
ပြီးတော့​6%တောင်.......

ငါအရမ်းအံသြလွန်းတာကြောင့် Rennald​နဲ့​ သူ့ရဲ့barကိုဘဲ ကြောင်ကြည့်နေမိတယ်၊အာ့ကြောင့်လည်း Rennald​ ပါးစပ်ကနေ ရေရွတ်သံတေွထွက်လာတော့တယ်၊

"နင့်ကိုအချိန်ခဏလေး စိုးရိမ်မိသွားတဲ့ ငါကရူးနေလို့ဘဲ..."

ငါ​့ကိုကြည့်န​တဲ့​သူ့ရဲ့အပြာရောင်မျက်လုံးတေွက ဝမ်းနည်းမှုတေွပါနေသလိုဘဲ...

DITOEFVWhere stories live. Discover now