ငါကြားဖူးတယ်... ပွဲတော်ကိုသွားလည်မယ်ဆိုညဘက်ကအကောင်းဆုံးဘဲတဲ့... အဲ့တာကမှန်တယ်ထင်တယ် ဘာလို့ဆိုလမ်းတစ်ခုလုံးကိုလူတေွပြည့်ကြပ်နေလို့လေ...
ရှုပ်ယှက်ခတ်နေတဲ့လမ်းမကြီးက မီးရောင်စုံထွန်းပြီးအလှဆင်ထားတဲ့အပြင် စျေးဆိုင်အသေးလေးတေွလည်းရှိနေသေးတယ်၊
ဒီကမ္ဘာကိုရောက်မလာခင် ပွဲတော်အများကြီးတေွ့ဖူးတာကြောင့် စိတ်မဝင်စားတော့ဘဲ အားလုံးကိုကျော်ပြီး လမ်းကိုသာမြန်မြန်လျေှာက်လာခဲ့တယ်၊
"ဟေး... မင်းပွဲတော်ကိုလာချင်တာ စိတ်ဝင်စားလို့ဆိုတာသေချာရဲ့လား..."
Rennaldကတစ်ခုခုကိုရှာဖေွနေတဲ့ပုံပေါ်တဲ့Penelopeကိုကြည့်ရင်းမေးလိုက်တယ်၊
သူမေးတာကိုမဖြေခင် ဖျတ်ခနဲတစ်ချက်လောက်ကြည့်ပြီးမှပြောလိုက်တယ်၊"စိတ်ဝင်စားပါတယ်..."
"မင်းအတွက်တစ်ခုခုဝယ်ပေးဖို့တောင်မပြောဘူးလေ... မင်းကလက်ဝတ်ရတနာတေွကိုမြင်ရင် အရူးတစ်ပိုင်းဘဲမဟုတ်ဘူးလား..."
သူကမိန်းခလေးပစ္စည်းတေွရောင်းတဲ့.စျေးဆိုင်တန်းတေွကိုညွှန်ပြရင်းနဲ့ပြောလိုက်တယ်၊
'ဒီနေရာကိုနင်နဲ့အတူပျော်ဖို့လာတယ်လို့များတကယ်ကြီးထင်နေတာလား...'
သူ့ကိုခဏလောက်စိုက်ကြည့်နေပြီးမှ ဘာမှမပြောဘဲပြန်လှည့်လိုက်တယ်၊ အမှန်တိုင်းပြောရရင် ပွဲတစ်ခုလုံးမကဘူး ဘယ်ဟာကိုမှမြင်ကွင်းထဲမရှိဘူး၊
ငါ့ရဲ့လမ်းကြောင်းကဆန့်ကျင်ဘက်ကွဲထွက်နေပြီး Ecliseကိုဘယ်မှာရှာရမလဲဆိုတာမသိတော့ဘူး၊
"ဟေ့... ဒီကိုခဏလာဦး..."
"ဟမ်... အာ..."
Rennaldကငါ့ရဲ့လက်ကိုလှမ်းဖမ်းလိုက်ပြီး တနေရာကိုဆွဲခေါ်လာခဲ့တယ်၊ Derrickကတော့ဘာမှမပြောဘဲ ငါတို့နှစ်ယောက်ရဲ့နောက်ကနေဒီတိုင်းလိုက်လာခဲ့တယ်၊
"ကြည့်ဦး... သူတို့ရောင်းတဲ့ဆီမှာပစ္စည်းကောင်းတေွရှိတယ်..."
Rennaldခေါ်လာတဲ့နေရာက လက်ဝတ်ရတနာတေွရောင်းတဲ့ဆိုင်ဖြစ်တယ်၊
YOU ARE READING
DITOEFV
RomanceGameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvillianဖြစ်နေပါသတဲ့... လက်တေွ့ဘဝမှာရော gameထဲမှာပါပစ်ပယ်ခံထားရတဲ့ဘဝမျိုးဖြစ်နေတဲ့အပြင် gameထဲကတခြားဇာတ်ကောင်တေွရဲ့အာရုံစိုက်မှုကိုရယူနိုင်ပြီး...