Chapter .18

1.1K 182 1
                                    

'ဘာကို... မဟုတ်ဘူးလား'

ငါသူ့ရဲ့ခေါင်းပေါ်ကို ဖျတ်ခနဲကြည့်လိုက်ရင်းဆက်မေးလိုက်တယ်၊

"အဲ့တာ​ဆို​ ဘာများ..."

"ဘာလို့​ပထမသခင်လေးပြန်ဖြစ်သွားရတာလဲ..."

"ဘာကြီး.."

"မဟုတ်ဘူး၊ ဘာမှ​မဟုတ်ဘူး၊ ငါဘာမှမပြောလိုက်ပါဘူး..."

သူဘာကိုဆိုလိုတာလဲဆိုတာ သိရခါနီးမှာDerrickက​ခေါင်းစဥ်ပြောင်းလိုက််တော့တယ်၊

"မင်းကို​ဒါပေးချင်လို့လာခဲ့တာ..."

လက်တစ်ဖက်ကလင်ဗန်းကိုကိုင်ထားနေရင်း သူကတခြားလက်ကိုသုံးပြီး​သူ့ရဲ့အကျီအိပ်ကပ်ထဲကိုနှိုက်လိုက်တယ်၊

Derrick ကမ်းပေးလာတဲ့အရာကိုမြင်လိုက်တဲ့အချိန်မှာ​ ငါ့မျက်လုံးတေွကျယ်သွားတော့တယ်၊
အဲ့ဒါက​ အမျိုးသမီးသုံး လည်စည်းပုဝါဖြစ်ပြီးသူ့လိုယောကျာ်းကြီးတစ်ယောက်နဲ့ လုံးဝလိုက်ဖက်မနေဘူး၊

"ဒါက..."

"မင်းနေရာတိုင်းကို​ဒီလိုပုံစံမျိုးနဲ့သွားနေလို့မရဘူးလေ..."

သူကငါ့ရဲ့လည်ပင်းကိုကြည့်ပြီး အေးစက်စက်ရေရွတ်လိုက်တယ်၊ ငါ့ရဲ့လည်ပင်းက ပတ်တီးတေွနဲ့စည်းထားဆဲဖြစ်နေတာကြောင့် ငါ့ကိုလူနာနဲ့ပိုတူစေတယ်၊ငါ့ရဲ့ပုံစံကအရမ်းရယ်ရတဲ့ပုံဖြစ်နေပေမဲ့ Derrickရဲ့မျက်နှာက လေှာင်ပြံုးတဲ့အရိပ်ယောင်တစ်ခုတောင်မရှိဘဲ မျက်နှာအမူအယာကင်းမဲ့နေခဲ့တယ်၊

"မင်းနဲ့ပတ်သတ်တဲ့ ကောလဟာလတေွကအများကြီးဖြစ်နေတာ၊ မင်းမသိဘူး၊ တခြားကောလဟာလတစ်ခုက မင်းက​ ယောကျာ်းတစ်ယောက်ရဲ့လက်ကိုင်ပုဝါနဲ့လျေှာက်သွားနေတယ်ဆိုပြီး....... ပေးတဲ့သူရဲ့နာမည်ကိုတောင် မင်းကမသိဘဲနဲ့လေ..."

".............."

"လူမှုဝန်းကျင်မှာ မင်းရဲ့နေရာကိုသတိထားပါ ပြီးတော့​ တစ်စုံတစ်ရာအပြုအမူမလုပ်ခင် မင်းကိုယ်မင်းချင့်ချိန်ပါ၊ "

Derrickကိုကြည့်လိုက် လည်စည်းကိုကြည့်လိုက်နဲ့​ ငါအံ့သြသင့်နေမိတယ်၊သူက Buinter​ပေးလိုက်တဲ့လက်ကိုင်ပုဝါကိုပြောနေတာ... Derrickက Emily ကိုလွှင့်ပစ်လိုက်ဖို့ပြောခဲ့ပေမဲ့​ အဲ့တာကလျေှာ်ဖွပ်ပြီး ငါ့အခန်းထဲကအံဆွဲထဲမှာ ရောက်နေပြီ၊

DITOEFVWhere stories live. Discover now