Arc 3🗡161🗡တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်

1.4K 47 3
                                    

Chapter (161) Arc 3
တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်

"ကျုပ်ဒီနေ့ အားလုံးကို ဘာလို့ဒီကို ခေါ်ခဲ့တယ်ဆိုတာ လူတိုင်း သိ​ကြမယ်ထင်တယ်!"

အားလုံး ထိုင်နေကြပြီမို့ ရှောင်းချင်ထန်းသည် ပတ်ပတ်လည်ကို လှမ်းကြည့်၍ စကားစလိုက်၏။

သူ၏ ခွန်အားသည် လေးနက်ပြီး သူ၏ စကားများသည် ထူးခြားသော စွမ်းအားကို သယ်ဆောင် ပေးလာသည်။ ဤနေရာတွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ရှိ ကျွမ်းကျင်သူများစွာ ရှိသော်လည်း သူ၏ ရည်ရွယ်ချက်များကို မည်သူမျှ မလိုက်နာဘဲ မနေဝံ့ပေ။

"ရှေးဟောင်းမြို့ ထွက်​ပေါ်လာ​နေတာ ကြာပြီ... ကျုပ်တို့ ဒီမှာ စောင့်နေတဲ့လူတွေ အများကြီး ရှိပေမယ့် ဘယ်လိုမှ မတတ်နိုင်ဘူး... ခေါင်းဆောင်တွေ အားလုံးလည်း ဒီကိုရောက်နေပြီ ဆိုတော့ အားလုံးရဲ့ ထင်မြင် ယူဆချက်တွေကို နားထောင်ချင်ပါတယ်...  ရှေးဟောင်းမြို့ကို ဖွင့်ဖို့ နည်းလမ်းရှိလား!"

ရှောင်းချင်ထျန်းက ဆိုလိုက်သည်။

ဒါကိုကြားတော့ အားလုံး ဆွံ့အသွားကြသည်။

ဖြေရှင်းချက် တစ်ခုရှိခဲ့ရင် သူတို့အရင်ကတည်းက စမ်းကြည့်​ပြီးတာ ကြာပြီပေါ့။ လဝက်ကျော် ကြာပြီးတာတောင် ရှေးဟောင်းမြို့ကို မဖွင့်နိုင်သေးချေ။

"ဒီတစ်ခါတော့ ဆွေးနွေးဖြစ်တာပါပဲ.... လူတိုင်းက ကိုယ့်စိတ်ကူးတွေကို ဝေမျှလို့ရတယ် မအောင်မြင်ရင်လည်း ကိစ္စမရှိပါဘူး ကျုပ်တို့ရဲ့ တွေးခေါ်မှုကို ကျယ်ပြန့်အောင်လုပ်ဖို့ပါပဲ ပြီးတော့ အတူတူ လေ့လာကြမယ်!"

အခန်းထဲမှာ တိတ်ဆိတ်နေတာကို မြင်ရတော့ ရှောင်းချင်ထျန်းမှ မထိန်းနိုင်ဘဲ ထပ်ပြောလိုက်သည်။

"ခေါင်းဆောင်ရှောင်း ကျုပ်တို့လည်း ရှေးဟောင်းမြို့ထဲကို ဝင်ချင်ပေမယ့် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးပြီ... အကြိမ်တိုင်းလည်း မြို့ပြင် အတားအဆီးကနေ ပြန်ဆုတ်ကြရတယ်... ဒါကြောင့် လူကြီးတစ်ယောက်နဲ့ သင်းထောက်နှစ်ယောက်ကို ထိခိုက်စေခဲ့တယ်။ နည်းလမ်းကောင်းကို တွေးကြည့်လို့ကို မရတော့ဘူး!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now