Arc 4🗡127🗡အဒေါ်နဲ့တူမ

70 11 0
                                    

Chapter (127) Arc 4
အဒေါ်နဲ့တူမ

"ညနက်ဖျက်စီး လင်းနို့သားရဲရဲ့ ပြာလား?"

ပိုင်ရှင်ဖြစ်သူ အမျိုးသမီးက အော်ဟစ်ပြီး နောက်ပြန်ဆုတ်သွားကာ သူမနောက်ကလူရဲ့ ခန္ဓာကိုယ်ကို ပိတ်ဆို့ထားလိုက်သည်။

ဟုန်ချောင်လည်း နှာခေါင်းကို အုပ်ထားပြီး လက်ကို အားကြိုးမာန်တက် ဝေ့ယမ်းကာ

"အဲဒါ ဘာလဲ? အနံ့အသက်ကလည်း ဆိုးလိုက်တာ!"

လုရွှမ် ဟုန်ချောင်၏ လက်ဖဝါးကို အလျင်စလို တစ်ချက် ဆွဲကိုင်လိုက်တဲ့အခါ ဆိုင်ရှင်အမျိုးသမီးရဲ့ မျက်နှာက ဖျော့တော့သွားကာ ဟုန်ချောင်ကို လူသတ်ချင်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အံကြိတ်ကာ သားရဲတစ်ကောင်လို ဟောက်လိုက်သည်။

"ငါ့ကို ထပ်ရိုက်လို့ရမလား စမ်းကြည့်လိုက်လေ"

သူမ၏နောက်ကွယ်မှ လူသည် ရပ်တန့် မသွားမီအထိ အကြိမ်ကြိမ် ဆက်တိုက်ဆိုသလို ချောင်းဆိုး​နေခဲ့သည်။

ဟုန်ချောင်က ဉာဏ်ပြေးသူပင်။ ယခုအချိန်၌ သူမသည် ပြဿနာ တက်လုနီးပါး ဖြစ်နေပြီဟု သိလိုက်ရကာ မျက်လုံးများ နီရဲလာခဲ့သည်။ လုရွှမ်၏ အနောက်တွင် ဂရုတစိုက် ပုန်းနေလိုက်ကာ အသံတိုးတိုးဖြင့် ရှင်းပြဆဲ ဖြစ်သည်။

"ကျွန်မက နံလို့ လေထဲမှာ လက်ဝေ့ယမ်းလိုက်ရုံပဲ...  အဲဒါက ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူး"

"ဆိုင်ရှင်သူဌေး... ဒီကိုလာရတာ တကယ်အန္တရာယ်ကင်းရဲ့လား?"

လုရွှမ် သူ့လက်ဖဝါးကို ဖယ်လိုက်သည်။ အနက်ရောင် လမ်းကျဥ်းထဲက သတ္တဝါဟာ ညဥ့်နက်ဖျက်စီး လင်းနို့သားရဲဖြစ်ကြောင်း သိလိုက်ရတဲ့ အချိန်တုန်းက ကံကောင်းတယ်လို့တောင် ခံစားခဲ့ရသေးသည်။

ဒါကြောင့် လုရွှမ် သူတို့ရဲ့ ပြာတွေကို သဘာဝအတိုင်း စုဆောင်းချင်ခဲ့သည်။ ဤအရာသည် ထိပ်တန်းအဆင့် သူတော်စင် ဆေးလုံးနှင့် အခင်းအကျင်း ဖွဲ့စည်းမှုအတွက် အသုံးဝင်သည့် ပစ္စည်းဖြစ်သည်။

အခင်းအကျင်းထဲ လင်းနို့သားရဲ၏ အလောင်းပြာကို ပေါင်းထည့်လိုက်ခြင်းဖြင့် အာနိသင်သည် ဆယ်ဆပိုမို အားကောင်းလာနိုင်သည်။ လင်းနို့သားရဲ၏ အလောင်းပြာကို ခန္ဓာကိုယ်သန့်စင်ဆေးထဲ ထည့်ခြင်းဖြင့်လည်း ခန္ဓာကိုယ်သန့်စင်မှု အာနိသင်သည် ၃၀% အားကောင်းလာလိမ့်မည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now