Arc 4🗡26🗡စစ်မှန်တဲ့ နဂါးနှလုံး

158 17 0
                                    

Chapter (26) Arc 4
စစ်မှန်တဲ့ နဂါးနှလုံး

လူတိုင်းမှာ မယုံနိုင်​ကြ​သေးဘဲ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဥ် ခြံဝင်းနံရံ အပြင်​ဘက်​က​နေ အသံတစ်​သံ ထွက်ပေါ်လာခဲ့သည်။

"မင်းငါ့ကို ခိုးဝင်​ တိုက်​ခိုက်ရဲတယ်​ပေါ့!"

အ​စောက အရိုက်ခံလိုက်ရသော လူသည် တစ်ဖန် ပြန်ရောက်လာကာ သူ့မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်သော အရှက်တရားက သူ့ကို ရူးသွပ်သွားစေသည်။

အရိုက်ခံလိုက်ရတာက သူ့မျက်နှာကို ဖောင်းကားသွား စေပေမယ့် သူ့ခန္ဓာကိုယ်က ထိခိုက်မှု သိပ်မရှိသေးချေ။

လုရွှမ်ရဲ့ ခွန်အားက အားနည်းနေတာ မဟုတ်ဘဲ သူ့ရဲ့လက်ဖဝါးက သူ့ခန္ဓာကိုယ် ခွန်အားနဲ့ ဝိညာဉ်စွမ်းအားကို စမ်းသပ်ရန်သာ ဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းအားကို အသုံးမပြုခဲ့ပေ။

လုရွှမ်ရဲ့ ဝိညာဉ်စွမ်းအားက အလွန် လျင်မြန်စွာ ဖိနှိပ်ထားသောကြောင့် တစ်ဖက်လူက သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တာလို့ ထင်သွားခြင်း ဖြစ်သည်။ တစ်ဖက်လူက သူ့ခေါင်းထဲ မူးဝေနေတဲ့အထိ ဖိနှိပ်ခံနေရပြီး လုရွှမ် ရွေ့လျားလာတဲ့ အရှိန်ကလည်း မြန်လွန်း၍ ခိုးဝင် တိုက်ခိုက်ရန် အခွင့်အရေးကို ယူလိုက်သလို ထင်သွားစေသည်။

ထို့အပြင် လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ၁၈အထိ ရောက်နေပြီလို့ ပြောလိုက်ရင်တောင် အဲဒီ တစ်စုံတစ်ယောက်က ယုံကြည်ဖို့ လိုအပ်သေးသည်။

သူ့ရဲ့ စိတ်စွမ်းအား သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ မဟုတ်တော့ဘဲ အဆင့်၉နဲ့ ​ညီမျှနေပြီ ဖြစ်သည်။

"ခိုးဝင် တိုက်ခိုက်တယ်!"

လုရွှမ် ခေါင်းခါလိုက်သည်။

"မင်း ခိုးဝင်တိုက်ခိုက်တာ မဟုတ်ရင် ဘယ်လိုလုပ် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅က အဆင့်၈ငါ့ကို ရိုက်ထုတ်နိုင်မှာလဲကွ!"

"ဒါဆို မင်းဒီတစ်​ခါ အဆင်​သင့်​ ဖြစ်​​ပြီပေါ့!"

လုရွှမ်က အာရုံစိုက်ရမှာ ပျင်းလွန်းလို့ ခပ်ပေါ့ပေါ့လေး ပြန်ပြောလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now