Arc 4🗡103🗡စုပ်ယူပြီးပြီ

89 12 0
                                    

Chapter (103) Arc 4
စုပ်ယူပြီးပြီ

လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး

"အဘိုးအိုက မျက်လုံးကောင်းသားပဲ"

သူ့အမူအရာက ဘာကိုမှ ဂရုမစိုက်ဘဲ သူ့အဖော်တွေနဲ့ စကားပြောနေသလိုမျိုး ပေါ့ပါးနေ၏။ ဈေးဆိုင်ပိုင်ရှင်ကလည်း ရယ်မော၍

"မိတ်ဆွေလေးလုရွှမ်က အရမ်းကို မာနကြီးတယ်လို့ ကျုပ်ကြားမိပါတယ်.... ဒီနေ့တကယ် သိလာရပြီ... ကျုပ် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ကာလတုန်းကဆို သူတော်စင်တစ်ပိုင်း နယ်ပယ်က အကြီးအကဲတွေကို ရင်ဆိုင်ရတဲ့အခါ သိပ်မောက်မာနေမှာ မဟုတ်ဘူး"

​လေမုန်တိုင်းလို တခဏအတွင်း အဘိုးအို၏ ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းများ ထိုးထွက်လာပြီး ဘေးပတ်ဝန်းကျင်မှ လူများ လျင်မြန်စွာ ရှောင်တိမ်းသွားသည်။ သို့သော် လုရွှမ်က သူတို့ရှေ့တွင် မလှုပ်မယှက် ရပ်နေလေသည်။

လူတော်တော်များများရဲ့ နှလုံးခုန်သံတွေ မြန်ဆန်လာခဲ့သည်။

ကောင်လေး မင်းအစောက မာနကြီးနေတာ မဟုတ်ဘူးလား? အခု လူကြီးတွေကို စော်ကားကြည့်ဦးလေ။

ထိုစဥ် အဘိုးအို၏ စွမ်းအားများ ရုတ်ချည်း ရုတ်သိမ်းသွားကာ ပတ်ဝန်းကျင် တစ်ခုလုံး ရှုပ်ပွနေပြီ ဖြစ်သည်။

"ကောင်လေး မင်းဒီလောက် မာနကြီးနေတာ အံ့သြစရာ မရှိတော့ပါဘူး....မင်းမှာ တကယ် မာနကြီးဖို့ အရင်းအနှီးတွေ ရှိ​နေတာပဲ...  အထူးသဖြင့် ဒီစိတ်ဓာတ် ခွန်အားပေါ့ ဒီအဘိုးကြီး​တောင် မင်းလောက် မတော်ဘူးလို့ ထင်ရတယ်.... တကယ့် သူရဲကောင်း ယောက်ျားလေးပဲ"

ဆိုင်ပိုင်ရှင်က ရယ်​မောပြီး သူ့အမူအရာကလည်း လျော့ပါးသွားကာ အရင်က မောက်မောက်မာမာ အကြည့်နဲ့ ဒေါသတွေ မရှိတော့ပေ။

လူတိုင်း အံ့အားသင့်သွားကြသည်။ ဘယ်လိုလုပ် ဒီလိုမျိုး ဇာတ်သိမ်းသွားရတာလဲ။ အဘိုးအိုက ဒီမောက်မာတဲ့ ကလေးကို သင်ခန်းစာ ပေးသင့်တာ မဟုတ်ဘူးလား။ သူတို့က စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲကို ကြည့်ဖို့ စောင့်နေကြတာလေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now