Arc 4🗡24🗡ယွမ်စံအိမ်၏စံအိမ်သခင်

162 17 0
                                    

Chapter (24) Arc 4
ယွမ်စံအိမ်၏စံအိမ်သခင်

တခြား သုံးယောက်ကတော့ စိတ်ဝိညာဉ်ဆေးရဲ့ စွမ်းအင်ကို အားကိုးကာ စိတ်ဝိညာဉ်စွမ်းအားကို အတိုင်းအတာ ၁၀ အထိ မြှင့်တင်နိုင်ခဲ့သည်။

စိတ်ဝိညာဉ်စွမ်းအား ၁၀ သည်လည်း ကြီးမားသော ဂိတ်တံခါး တစ်ခုဖြစ်သည်။  အနာဂတ်တွင် သူတို့ကိုယ်တိုင် ဆေးလုံးသန့်စင် လိုပါက ယခု ဝိညာဉ်စွမ်းအား အတိုင်းအတာဟာ လုံလောက်မည် ဖြစ်သည်။

သာမာန် ကျင့်​ကြံသူများအတွက် စိတ်စွမ်းအား အတိုင်းအတာ တိုးမြင့်လာခြင်းသည် အဂ္ဂိရတ်နယ်ပယ်သို့ ဝင်ရောက်နိုင်ရုံ သာမက ကျင့်ကြံမှု လမ်းကြောင်းအပေါ် နားလည်နိုင်စွမ်းကို မြန်ဆန်စေပြီး စိတ် အခြေအနေကို အားကောင်းစေမည် ဖြစ်သည်။ ဤအကျိုး ကျေးဇူးများကို ထင်ရှားစွာ မသိ​​ကြသောကြောင့် လူအများက အာရုံစိုက်မှု မရှိခဲ့ကြပေ။

ဒါပေမဲ့ လုရွှမ်က ဒါကိုသိတဲ့အတွက် စိတ်ဝိညာဉ် ဆေးလုံးတွေ အများကြီးကို သန့်စင်ထားပြီး လူတိုင်းကို မျှဝေခဲ့သည်။ ပိုမြင့်တဲ့ ဝိညာဉ်စွမ်းအား အတိုင်းအတာရဲ့ ပံ့ပိုးမှုနဲ့အတူ ဒီလူတွေဟာ သူတို့ရဲ့ ကျင့်​ကြံမှု လမ်းကြောင်းမှာ ပိုလွယ်လာပြီး တိုးတက်မှု မြန်ဆန်လာမယ် ဆိုတာကို တွေ့လာရသည်။

မိန်းကလေးများသည် သူတို့၏ ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ တိုးလာခြင်းကြောင့် အလွန်အမင်း ပျော်ရွှင်နေချိန် မုယန်ဖုန်းလည်း သူ့ရဲ့ကျင့်ကြံမှုကို ပြီးမြောက်ပြီး ထွက်လာခဲ့သည်။

အားလုံးက မုယန်ဖုန်းကို တွေ့တော့ ချက်ချင်း ငြိမ်ကျသွားသည်။ မျက်နှာချင်းတူလို့သာ မဟုတ်ရင် ဒီလူကို သူတို့အားလုံး မှတ်မိနိုင်လောက်မှာ မဟုတ်ဘူး။

ယခုအချိန်တွင် မုယန်ဖုန်းသည် မီးအရှိန်အကြောင့် ပေါက်ကွဲပြီး ထွားနေသည့် မီးပုံးပျံတစ်ခုလိုပင် ဖြစ်နေ၏။

အထူးနည်းလမ်းဖြင့် သန့်စင်ထားသော ဟွမ့်ယွမ်ရေက တစ်စက်မျှသာ ​ဖြစ်သော်လည်း ၎င်းတွင်ပါရှိသော စွမ်းအင်သည် မုယန်ဖုန်းအတွက် ကြီးမားသော ဘေးထွက် ဆိုးကျိုးများကို ယူဆောင်လာ​နေဆဲ ဖြစ်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now