Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ

150 19 0
                                    

Chapter (47) Arc 4
ရန်သူတစ်သိန်းကို အနိုင်ယူခြင်း ဒဏ္ဍာရီ

ယခင်က ဟန်ရွှယ်နှင့် အခြားသူများကို ချည်နှောင်ထားမှုကြောင့် သူ့ရဲ့ နည်းလမ်းများစွာကို အသုံးမချနိုင်ခဲ့ပေ။ ယခုအချိန်တွင် ၎င်းတို့ ပြန်လည်ဆုတ်ခွာ သွားသည့်အတွက် ကိုင်တွယ်ရ လွယ်ကူသွားပြီ။

လုရွှမ်၏ မျက်လုံးများသည် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေး သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွား၏။

"သူ ဘာလုပ်မလို့လဲ?"

သားရဲခန်းမမှ ခန်းမသခင်ဟယ်နှင့် ဆေးဥယျာဉ်တာဝန်ခံ အမျိုးသမီးတို့သည် ဘေးချင်းကပ်လျက် ရပ်ကာ ကျွန်တပ်သား တစ်သိန်းနောက်ကို တစ်ယောက်တည်း လိုက်သွားသည်ကို မြင်သောအခါ တညီတညွတ်တည်း မေးလိုက်​ကြသည်။

"သူတို့ကို ဒုက္ခနည်းနည်း သွားပေးတာ ဖြစ်မယ်!"

"သူတစ်ယောက်တည်းနဲ့လား?"

ခန်းမသခင်ဟယ်က အံ့သြစွာနဲ့ သူ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

သူ့မျက်စိရှေ့က အဆုံးမရှိလု နီးပါးရှိသော ကျွန်များ၏ စစ်တပ်ကို ကြည့်လိုက်မိသည်။ သူသည် သားရဲခန်းမ၏ နောက်ခံကြောင့်သာ မဟုတ်ပါက လျိုမိသားစုရဲ့ ရန်သူဖြစ်ဖို့ ဘယ်သောအခါမှ သတ္တိရှိလိမ့်မည် မဟုတ်ပေ။

လုရွှမ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ တွင်သာရှိ၍ ရုတ်တရတ် အလျင်စလို ပြေးတက်သွားတာက မွေးကင်းစ နွားသငယ်လေး ကျားပါးစပ်ထဲ ပြေးဝင်သွားတာနဲ့ မတူပေဘူးလား။

ဆေးဥယျာဉ် တာဝန်ခံ အမျိုးသမီး၏ မျက်လုံးများတွင် နားမလည်နိုင်သော အကြည့်များဖြင့်သာ။ စကားမပြောသော်လည်း နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်လျက် သရော်လှောင်ပြောင်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။

တကယ်ကို ဘယ်လို အသက်ရှင်ရမှန်း မသိတဲ့ ကောင်လေးပဲ။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လျိုမိသားစု တပ်ဖွဲ့ဝင်များကို ချုပ်နှောင်ဖို့အတွက် နောက်တစ်ကြိမ် လှုပ်ရှားရန် အစီအစဉ် မရှိ​​ကြ​သေးပေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now