Arc 4🗡15🗡သတ်ဖြတ်လေပြီ

196 23 2
                                    

Chapter (15) Arc 4
သတ်ဖြတ်လေပြီ

သို့သော် ထိုလူ၏ အော်သံမဆုံးမီတွင် သူ့ရင်ဘတ်က စူးရှသော နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ လုရွှမ်က သူ့ကို ရင်ဘတ်ကို လက်သီးနဲ့ ထိုးပစ်လိုက်တာကို တွေ့လိုက်ရသည်။

လက်သီးချက်က မထင်ထားလောက်အောင် လေးလံ နာကျင်လှ၏။

ဝုန်း

ခွန်အားက ရင်ဘတ်ကို ဖောက်ထွက်၍ နှလုံးကိုပါ အက်ကွဲသွားစေသည်။

သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီးနောက် ထိုသူသည် မြေပြင်ပေါ်သို့ လဲကျသွားတာနဲ့ တစ်ဆင်တည်း သူ့ရဲ့ ယွမ်ချီကိုပါ ဆုံးရှုံးသွားခဲ့သည်။ သေခြင်းစွမ်းအင်ရဲ့ လုပ်ဆောင်ချက်အောက်မှာ သူ့ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် လျင်မြန်စွာ ယိုယွင်းသွား​လေသည်။

"လောင်အာ့!"

"အစ်ကို၂!"

ကျန်တဲ့ ကျင့်ကြံသူ နှစ်ယောက်က နာကျင်စွာ အော်ဟစ်ရင်း လုရွှမ်ကို စိုက်ကြည့်နေတဲ့ သူတို့ရဲ့ မျက်လုံးတွေက မီးတဟုန်းဟုန်း တောက်လောင်လာတော့သည်။

အဆီမရှိတဲ့ သိုးလို့ ထင်ခဲ့ပေမဲ့ ကျားတစ်ကောင် ဖြစ်နေမယ်လို့ မထင်ထားဘူးလေ။

"သေပေတော့!"

နှစ်ယောက်သား လုရွှမ်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည်။ ရန်ငြိုးက ဖွဲ့ပြီးသွားပြီ။ ဒီအခြေအနေမှာ သူသေရင်သေ မသေရင်လည်း သေတဲ့အထိ တိုက်ခိုက်ရတော့မည်။

သူတို့ တုံ့ပြန်မှု နည်းနည်း နှေးသွားတာ နှမြောစရာ ကောင်းသွားသည်။ သူတို့ ချက်ချင်း ပြန်ဆုတ်သွားရင်တော့ အခွင့်အလမ်း ရှိကောင်း ရှိနိုင်သေးတယ်။ နောက်ဆုံးမှာတော့ ဂူလမ်းတွေက အများကြီး ရှိပြီး နှစ်ခါ သုံးခါလောက် လမ်းလျှောက်ပြီးတာနဲ့ လုရွှမ်ရဲ့ ဦးတည်ရာကို ဖမ်းမိဖို့ မဖြစ်နိုင်ဘူးလေ။

ဒီတစ်ကြိမ်မှာ လုရွှမ် အတင်းအကြပ် ခုခံရန် မရွေးချယ်ဘဲ လျင်မြန်စွာ ပြေးကာ လူနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ရှောင်ခဲ့သည်။ ထို့နောက်တွင် ဖီးနစ် အတောင်များကို ဖြန့်ကာ သူ့တစ်ကိုယ်လုံးဟာ အရှိန်ပြင်းပြင်း ပစ်လိုက်တဲ့ မြှားတစ်စင်းလို ကျင့်ကြံသူ တစ်ယောက်ရဲ့ ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now